နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ညောင်ချောင်း နယ်ခြားစောင့် ရဲများက ဒေသခံများထံမှ ငွေညှစ်



MYARF
RB News
30.5.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၇) ဦးသည် မေလ (၂၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဘုရားပြင် အောင်ပ ကျေးရွာသို့ သွားရောက်ပြီး လမ်းဘေးတွင် ထိုင်၍ MPT ဆင်းမ်ကဒ်ပါ ဖုန်းဖြင့် သီးချင်းနားထောင် နေသော နူရ်ဆော်လာမ် (ဘ) ဦးအဒူဂေါ်ဖာရ်နှင့် အာဘူကာလာမ် (ဘ) ဦးဇော်ကိရ်တို့၏ ဖုန်းများကို နယ်ခြားစောင့်ရဲ များက စစ်ဆေးမည်ဟု ဆိုကာ ဖုန်းများကို ယူ၍ MPT ဆင်းမ်ကဒ်များကို ဖြုတ်ယူကာ ဘင်္ဂလား ဆင်းမ်ကဒ်များ ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ် မိသည်ဟု ဆို၍ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ည ၁၀း၃၀ နာရီ အချိန်တွင် လမ်းလျှောက် သွားနေသည့် ဂျောမိလ် (ဘ) ဦးဆုလ်တာန်နှင့် ယာစီးန် (ဘ) ဦးမာမတ်ဆိဒိခ် တို့ကိုလည်း စစ်ဆေးခဲ့ရာ မည်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့်ရဲများက ၎င်းတို့က မြင်တွေ့ပြီးနောက် ဘင်္ဂလားဖုန်းကို အဝေးသို့ ပစ်လိုက်သည်ဟု လုပ်ကြံ စွပ်စွဲကာ ၎င်းတို့နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ တစ်ဖန် ည ၁၁ နာရီ အချိန်တွင် မာဆောင်း (ဘ) ဦးအဒူကာဒဲရ်နှင့် အဒူဂေါ်နီ (ဘ) ဦးအစ္စမိုင်လ် တို့ကို လမ်းလျှောက်၍ အိမ်ပြန်နေစဉ် ညမထွက်ရ အချိန်ကျော်လွန်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။

နယ်ခြားစောင့် ရဲများက ဖမ်းဆီးထားသူ (၆) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ညှဉ်းပန်း နှိပ်စက်ပြီးနောက် မေလ (၂၆) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် နူရ်ဆော်လာမ် ထံမှ ငွေကျပ် ၄ သိန်း၊ အာဘူကာလာမ် ထံမှ ငွေကျပ် ၄ သိန်း၊ ဂျောမိလ် ထံမှ ငွေကျပ် ၅ သောင်း၊ ယာစီးန် ထံမှ ငွေကျပ် ၅ သောင်း၊ မာဆောင်း ထံမှ ငွေကျပ် ၁၂၅၀၀၀/- နှင့် အဒူဂေါ်နီ ထံမှ ငွေကျပ် ၁၂၅၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus