နောက်ဆုံးသတင်း/ဆောင်းပါးများ

အိမ်ပြုပြင်သူ တစ်ဦးကို စ.ရ.ဖ က ဖမ်းဆီး ခြိမ်းခြောက်၍ ငွေ ၄ သိန်းညှစ်




RB News
9.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ တာဝန်ခံက အိမ်ပြုပြင်သူ ဒေသခံ တစ်ဦးကို ဖမ်းဆီး ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၉) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ စခန်း တာဝန်ခံ တပ်ကြပ်ကြီး စန်းဝင်းနှင့် ၎င်း၏ တပည့်များ ဖြစ်သော မောင်တူလာရွာမှ ဦးအဒူလ္လာ (ဘ) ဦးဇော်ဖော်ရ်နှင့် ဦးအေနာတုလ္လာ (ဘ) ဦးဆွေဒူလ္လာ (ခ) ဦးမျိုးအောင် တို့သည် မြင်းလွတ် ကျေးရွာသို့ သွားရောက်ပြီး မြင်းလွတ် အရှေ့ရွာမှ ဆေးဆိုင် ရောင်းသူ ဦးအာဇီမူလ္လာ (ဘ) ဦးအဒူဆလာမ်အား တရားမ၀င် နေအိမ် ပြုပြင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

စခန်းသို့ ခေါ်ဆောင် သွားပြီးနောက် ဦးအာဇီမူလ္လာက သက်ဆိုင်ရာ မြို့နယ်မှ ခွင့်ပြုချက် ရယူ၍ အိမ်ပြုပြင် နေခြင်း ဖြစ်ကြောင်း အထောက်အထား ပြသရာ၊ စခန်း တာဝန်ခံ တပ်ကြပ်ကြီး စန်းဝင်းက တရားမ၀င် ဆေးထိုး၊ ရမ်းကု ပြုလုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၁၀ သိန်း မပေးပါက မောင်တော ရဲစခန်းသို့ ပို့၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခဲ့သည်။

စခန်းတာဝန်ခံ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ၍ ညနေ (၅) နာရီ အချိန်တွင် အလယ်သံကျော် ဈေးရှိ မိတ်ဆွေ ဆိုင်ရှင်များထံမှ ငွေကျပ် ၄ သိန်း ချေးယူပြီး ပေးသည့်အခါမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus