နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက် ရှေ့ လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သားများက ဒေသခံများထံ ငွေညှစ်



MYARF
RB News
30.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာရှိ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်တွင် လုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက် ရှေ့ရှိ ကယ်ဆယ်ရေးရုံးစောင့် ရခိုင်လူမျိုးများ ပူးပေါင်း၍ လမ်းဘေးနှင့် အနီးအနား လယ်ကွင်းတွင် ကျက်စားနေသည့် နွားများကို ကျောင်းတိုက်နှင့် ကယ်ဆယ်ရေးရုံး ခြံဝင်းထဲသို့ ၀င်သည်ဟု ဆို၍ ဖမ်းဆီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မေလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် ကယ်ဆယ်ရေးရုံးစောင့်က နွား ၆ ကောင်ကို လမ်းဘေးမှ ကယ်ဆယ်ရေးရုံး ခြံဝင်းထဲသို့ မောင်းသွင်းပြီး ကြိုးချည်ထားခဲ့သည်။ နွားပိုင်ရှင်များ ရောက်လာသည့် အခါ စစ်တပ်ထံမှ မေးမြန်းရန် ပြောကြားခဲ့သည်။ ထို့နောက် စစ်သားများကို မေးမြန်းသောအခါ စစ်သားများက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။ စစ်သားများက ဦးမာမတ်ကော်ဘိရ်၏ နွား ၃ ကောင် အတွက် ငွေကျပ် ၂၅၀၀၀/- ဦးမာမတ်အာယုဖ်၏ နွား ၂ ကောင် အတွက် ငွေကျပ် ၂၁၀၀၀/- နှင့် မော်လ၀ီနူရ်အာလောမ်၏ နွား ၁ ကောင် အတွက် ငွေကျပ် ၁၀၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မေလ (၂၀) ရက်နေ့ မွန်းလွှဲပိုင်း အချိန်တွင် ၎င်းကျေးရွာမှ ဒေါ်ရှားဂျူး၏ နွားမ နှစ်ကောင်နှင့် ဆိတ် နှစ်ကောင် ဖမ်းဆီးပြီး ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင်လည်း ဒေါ်ရှားဂျူး၏ နွားမတစ်ကောင်ကို စစ်သား တစ်ဦးက လမ်းဘေးမှ ကြိုးဆွဲ၍ ကျောင်းတိုက် ခြံဝင်းထဲ သွင်းသွားပြီး ငွေကျပ် ၁၂၀၀၀ ညှစ်ယူခဲ့သည်။ ယခုလ လဆန်းပိုင်းတွင်းလည်း ဈေးဆိုင်ရှင် တစ်ဦး၏ နွားထီး တစ်ကောင်းကို လမ်းဘေးမှ ဆွဲယူသွားပြီး ငွေကျပ် ၁၄၀၀၀ ညှစ်ယူခဲ့သည်။ ထို့အပြင် ဦးနူရ်အာလောမ်၏ နွားနှစ်ကောင်ကိုလည်း ထိုကဲ့သို့ ဆွဲယူသွားပြီး ငွေကျပ် ၂၀၀၀၀/- ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

၎င်းစစ်သားများက ကျောင်းတိုက်ရှေ့ လမ်းမကြီးမှ ဖြတ်သန်းသွားသည့် ဈေးသည်များထံမှ ငါး၊ ဟင်းသီးဟင်းရွက်၊ ကွမ်းသီး၊ ကွမ်းရွက်နှင့် ထင်းများကို လမ်းမှ ဖြတ်သန်းသွားခ ဆိုသည့် ပုံစံမျိုးဖြင့် အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။ ထိုသို့ ကောက်ခံ၇ာတွင် ဈေးသည်များ ပေးသည်ကို လက်မခံဘဲ စစ်သားများ၏ ဆန္ဒအတိုင်း ယူလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ အကယ်၍ ဈေးသည်များက ၎င်းတို့ တောင်းသည့် အတိုင်း မပေးလျှင် ရိုက်နှက်သည့် အပြင် ပစ္စည်းများလည်း ပိုမို ပေးရသည်ဟု ဆိုသည်။

၎င်းကျောင်းတိုက်၏ အနောက်မြောက် ဘက်တွင် နေထိုင်သော ကာလာယာ (ခ) အာမောတ်ကော်ဘိရ် (ဘ) ဦးဆော်ယာဒ်ဟူစိန်း ဆိုသူသည် ၎င်းစစ်သားများနှင့် အတူ အမြဲနေထိုင်ပြီး စစ်သားများအတွက် WY မူးယစ်ဆေးပြား များနှင့် ဆေးခြောက်များ ယူလာပြီး အတူ သုံးစွဲကြသည်။ ကာလာယာက အဆိုပါ စစ်သားများ အတွက် ပြည့်တန်ဆာ အမျိုးသမီးများလည်း ခေါ်ယူလာပေးသည်ဟု ဒေသခံများက ဆိုသည်။

မေလ (၂၂) ရက်နေ့တွင် ကာလာယာက ၎င်း၏ ဦးလေး ဖြစ်သူ ဦးအာလ်တူထံမှ အမွေရရန် ရှိသည်ဟု ဆိုကာ ၎င်းစစ်သားများနှင့် အတူ ဦးအာလ်တူ၏ အိမ်သု့ သွားရောက်ပြီး ဦးအာလ်တူအား ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ် ကျောင်းတိုက်တွင် ကြိုးဖြင့် ချည်နှောင် ထားကာ ရိုက်နှက်၍ ငွေကျပ် ၅၂၅၀၀၀/- ညှစ်ယူခဲ့သည်။ ထိုငွေမှ ကာလာယာက ၃ သိန်းယူပြီး ကျန်ငွေ ၂၂၅၀၀၀/- ကို စစ်သားများက ယူခဲ့ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus