နောက်ဆုံးသတင်း/ဆောင်းပါးများ

သောင်းကျန်းသူများ ရှာဖွေသည်ဟု ဆိုကာ စ.ရ.ဖ က အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်



MYARF
RB News
8.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာတွင် တာဝန်ကျ နေသည့် စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်သည် ၎င်း၏ တပည့်များ ဖြစ်သည့် ဘုရားပြင် အောင်ပ ကျေးရွာအုပ်စု၊ အကွက် ၅ မှ ဦးအာဘူလ်ဖော်ယာစ် (ခ) ရှိရာ (ဘ) ဦးရှော်ရိဟူစိန်း၊ ဦးဟာဘဲစ်အာမတ် (ဘ) ဦးအာနောရ်အလီနှင့် အကွက် ၉ မှ ဦးမာဆောင်း (ဘ) ဦးကာဆိမ် တို့နှင့် ပူးပေါင်း၍ ဇူလိုင် (၇) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် ဘုရားပြင် အောင်ပ ကျေးရွာအုပ်စု၊ အကွက် ၅ သို့ သွားရောက်ပြီး နေအိမ်များထဲတွင် သောင်းကျန်းသူများ အောင်းနေသည်ကို ရှာဖွေရန်ဟု ဆိုကာ ၀င်ရောက် စစ်ဆေးပြီး အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

စ.ရ.ဖ တပ်ဆွယ်မှူး ဇော်ဇော်နိုင်က အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခဲ့သည့် နေအိမ်များမှာ -- 

(၁) ဦးမာမတ်တော်ယုဖ် (ဘ) ဦးကာဆိမ်
(၂) ဒေါ်အာချီမာခါတူ (ဘ) ဦးဂူလာမ်ရှော်ရိဖ် (မုဆိုးမ)
(၃) ဦးယာစီးန် (ဘ) ဦးဟာဆောင်ရှော်ရိဖ် -- တို့၏ နေအိမ်များ ဖြစ်သည်။ 

ထို့နောက် ၎င်းကျေးရွာ အုပ်စု အကွက် (၁၀) သို့ သွားရောက်ပြီး ဦးယူနုစ်၏ ဇနီး ဒေါ်ရော်ရှိဒါ (အသက် ၃၇ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်။ 

အဆိုပါ စ.ရ.ဖ တပ်ဆွယ်မှူးသည် မကြာခဏ ဆိုသလို ရိုဟင်ဂျာ ရွာများထဲသို့ သွားရောက်၍ နေအိမ်များ ထဲသို့ ၀င်ရောက်ပြီး အမျိုးသားများ မတွေ့လျှင် အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ် ဆက်ဆံပြီး အမျိုးသားများ တွေ့သွားလျှင် အကြောင်း အမျိုးမျိုး ဖန်တီးကာ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လေ့ ရှိသည်။ 

ဇူလိုင်လ (၈) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ညောင်ချောင်း ဈေးသို့ ဈေးဝယ်ရန် လာသော သိမ်တောင်ပြင် ကျေးရွာမှ ဦးအဒူကာဒဲရ် (ဘ) ဦးအာမတ်ဟူစိန်းကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus