နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူးတွင် စစ်တပ်က ည ၁၂ နာရီ နောက်ပိုင်း မီးသုံးခွင့် ပိတ်ပင်ထား၍ ဥပုသ်စောင့်သူများ အခက်ကြုံ



Rohingya Eye
RB News
15.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပန္ဒူး ကျေးရွာတွင် အခြေချ ထားသည့် တပ်မတော် တပ်ရင်းမှ တပ်သားများက ည ၁၂ နာရီ နောက်ပိုင်းတွင် မီးသုံးခွင့် ပိတ်ပင်ထား၍ ဥပုသ်စောင့်သူများ အခက်ကြုံနေရကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၆) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပန္ဒူး ကျေးရွာအုပ်စု၊ ဟိုက်ဒေါရ်ဂူးနာ ကျေးရွာ၌ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အခြေချထားသည့် တပ်မတော် တပ်ရင်းမှ တပ်သား အချို့သည် ရွာအတွင်း ကင်းလှည့်နေစဉ် မော်လ၀ီ ဟာဘီအူလ္လာ (ဘ) ဦးနူရူဟောက် (အသက် ၅၀ နှစ်) ၏ နေအိမ် မီးဖိုချောင်မှ မီးကို မြင်သဖြင့် နေအိမ် ထဲသို့ ၀င်ရောက် ရှာဖွေခဲ့သည်။ ရှာဖွေ ရာတွင် နေအိမ်ထဲတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နံနက် (၃) နာရီ အချိန်တွင် မီးသုံးနေခြင်း အကြောင်း မေးမြန်းရာ အိမ်ရှင် ဖြစ်သူက ဥပုသ် စောင့်ရန် အတွက်ဟု ဖြေကြားသော်လည်း လက်မခံဘဲ ဆူပူ ပြုလုပ်ရန် တမင် ကြံစည် နေခြင်း ဖြစ်နိုင်သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ယင်းတပ်ရင်းမှ တပ်သားများက ရွာသားများကို ညသန်းခေါင်ယံ အချိန်တွင် မီးမသုံးရန် မှာထားသဖြင့် ဥပုသ်စောင့်ရန် ထမင်း၊ ဟင်းချက်ခြင်းကို ညသန်းခေါင်ယံ အချိန်တွင် ချက်နိုင်ခြင်း မရှိဘဲ၊ ည ၈ နာရီခန့်တွင် ကြိုတင် ချက်ထားပြီး၊ ညသန်းခေါင်ယံ အချိန်တွင် အေးနေသည့် ထမင်း၊ ဟင်းများကို စားသုံးပြီး ဥပုသ်စောင့် နေရကြောင်း၊ ည ၁၂ နာရီ နောက်ပိုင်းတွင် ဓါတ်မီးပင် သုံးစွဲခွင့် မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus