နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ မြောက်ပိုင်းတွင် အသစ်ချ ထားသည့် စစ်တပ် တပ်ရင်း နှစ်ခု သောင်းကျန်းလျက်ရှိ



MYARF
RB News
14.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်းတွင် အသစ်ချထားသည့် တပ်မတော် တပ်ရင်းနှစ်ခုက ဒေသခံ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်း၊ ပစ္စည်များ လုယက်ခြင်းများ ပြုလုပ်၍ သောင်းကျန်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေတွင် ယခုလပိုင်းတွင် အသစ်ချထားသည့် အမှတ် (၅၆၄) နှင့် (၃၇၈) တပ်မတော် တပ်ရင်း နှစ်ခုတို့သည် လှိုင်သီ ကျေးရွာအုပ်စု၊ ခမောင်းဆိပ် ကျေးရွာအုပ်နှင့် အောင်ဇံ ကျေးရွာအုပ်စု များတွင် ကင်းစခန်းများ အပြိုင်အဆိုင် ချထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ တပ်ရင်းများ၏ ကင်းစခန်းများမှ တပ်မတော်သား များသည် အထက်ပါ ကျေးရွာအုပ်စု (၃) စု ထဲသို့ နေ့ရောညပါ မကျန် ကင်းလှည့်၍ လမ်းတွင် တွေ့သမျှ ဒေသခံ ရိုဟင်ဂျာများကို တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုဘဲ အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ပစ္စည်းများ လုက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ တပ်မတော်သား များက ဒေသခံ ရိုဟင်ဂျာများကို ကြောက်လန့်၍ ရွာထဲတွင် မနေ၀ံ့တော့ဘဲ ရေကြည်ရာ မြက်နုရာသို့ ထွက်ပြေး သွားအောင် ရည်ရွယ်ချက် ရှိရှိဖြင့် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဆိုသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ခမောင်းဆိပ် ကျေးရွာအုပ်စု၊ တန်းဘင်္ဂါးရွာမှ အလီဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၂၅ နှစ်) သည် အောင်ဇံကျေးရွာရှိ ဇော်ဂျီထံမှ ရေမန်း ယူလာရန် သွားနေစဉ် လမ်းတစ်ဝက်၌ (၅၆၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ပါဝင်သော ကင်းလှည့် အဖွဲ့က တွေ့လျှင် တွေ့ချင်း တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုဘဲ၊ ရန်သူမိသကဲ့သို့ ခြေထောက်ဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုးသောကြောင့် ထိုနေရာတွင်ပင် သတိလစ်သွား ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း အောင်ဇံ ကျေးရွာအုပ်စု၊ ရှိတာ ကျေးရွာမှ ဦးအီဆက် (ဘ) ဦးဖော်အီဇုလ်ကော်ဘိရ်၏ နွားများကို နွားထိန်းက စားကျက်၌ ကျောင်းနေစဉ် (၅၆၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ပါဝင်သော ကင်းလှည့်အဖွဲ့က နွားအုပ်ထဲမှ နွားနှစ်ကောင်ကို ဆွဲယူသွားပြီး ပိုင်ရှင်သို့ ပြန်လည် မပေးဘဲ တစ်နေ့လျှင် တစ်ကောင်ကျစီ သတ်စား ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ထို့အပြင် (၅၆၄) တပ်ရင်းက နယ်စပ်ခြံစည်းရိုး အနီးရှိ ရိုဟင်ဂျာပိုင် လယ်မြေများကို တပ်ရင်းအတွက် လိုအပ်မည်ဟု ဆိုကာ တွန်ယက် စိုက်ပျိုးခွင့် ပိတ်ပင် ထားကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၁) ရက်နေ့ကလည်း (၃၇၈) တပ်ရင်းမှ တပ်စခန်း ချထားသည့် ဆာလေတောင် ခြံစည်းရိုး အနီးရှိ ကင်းစခန်းမှ တပ်မတော်သား များသည် ဆာလေတောင် ရွာမှ ဇာဖောရ်အာလောမ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၂၆ နှစ်) ကို သစ်ခိုးထုတ်သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည်။ ဇူလိုင်လ (၁၂) ရက်နေ့တွင် အဆိုပါ ကင်းစခန်းမှ တပ်မတော်သား များသည် ဆာလေတောင် ရွာမှ နူရ်အစ္စလာမ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၃၀ နှစ်) ကို အိမ်တွင် အမျိုးသမီး ဧည့်သည် တစ်ဦး ရောက်နေသည်ကို စခန်းသို့ အကြောင်းကြားရန် ပျက်ကွက် ခဲ့သည်ဟု ဆိုကာ ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus