နောက်ဆုံးသတင်း/ဆောင်းပါးများ

သင်္ဘောကွေ့မှ ငွေပေးနိုင်သူ နှစ်ဦးကို ငွေညှစ် ပြန်လွှတ်ပြီး မပေးနိုင်သူ တစ်ဦးကို ထောင်ချ



MYARF
RB News
26.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီး၍ နှစ်ဦးကို ငွေညှစ်ပြီး ပြန်လွှတ်ပေး ခဲ့သော်လည်း ငွေမပေးသည့် တစ်ဦးကို ထောင်ချခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာတွင် ဗလီ ပြုပြင်ခဲ့သည့် အတွက် ဗလီ ဂေါပက အဖွဲ့ဝင် (၇) ဦးမှ (၅) ဦးကို ၂၀၀၇ ခုနှစ်တွင် န.စ.က က ဖမ်းဆီးပြီး ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သည်။ ကျန်သည့် ဂေါပက အဖွဲ့ဝင် နှစ်ဦးသည် ထိုအချိန်ကစ၍ တိမ်းရှောင် နေခဲ့သည်။ 

ဇူလိုင်လ (၁၃) ရက်နေ့ ညပိုင်းတွင် တိမ်းရှောင် နေခဲ့သည့် ဂေါပက အဖွဲ့ဝင် နှစ်ဦးကို သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တို့က ဖမ်ဆီး၍ ငွေညှစ်ခဲ့ကြောင်း၊ ဦးဂေါ်နီအာမတ် (ဘ) ဦးအဒူရှကူရ် ထံမှ ငွေကျပ် ၁၃ သိန်းနှင့် ဦးမော်ဂီး (ဘ) ဦးမောင်ဂုလ်အာမတ် ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထိုငွေများကို နယ်ခြားစောင့်ရဲများက တိုက်ရိုက် မယူဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်ယာဒ်ဟူစိန်းနှင့် တပည့်ဖြစ်သူ ဦးအဒူမူနာဖ် တို့ထံမှ တစ်ဆင့် ယူခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ယင်းနေ့ညတွင်ပင် ဘင်္ဘောကွေ့ ကျေးရွာမှ ဦးရှုနာမီယာ၏ သားတစ်ဦးကို နေအိမ်မှ အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ငွေညှစ်ရန် ကြိုးစားရာ ဖမ်းဆီးခံရသူက ငွေမပေးနိုင်သဖြင့် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် မောင်တော တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ အပြစ်မဲ့ ဖမ်းဆီးခံရသူကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်မှု (လ.၀.က အမှု) ဖြင့် အမှုဆင် တရားစွဲဆို၍ ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus