နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုက္ခသည်များ ထံမှ နယ်ခြားစောင့် ရဲများက ငွေညှစ်



MYARF
RB News
14.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ပြန်ချောင်း ကျေးရွာမှ ကိုးတန်ကောက် ကျေးရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ အဖြစ် နေထိုင်သော ဒေါ်ရော်ကိမ်းဘာနူ (ဘ) ဦးရှော်ရ်မုလုခ်နှင့် ဒေါ်ဟာမီဒါခါတူ (ဘ) ဦးရှုနာမီယာ တို့အတွက် အခြား မြို့နယ်များရှိ ၎င်းတို့၏ ဆွေမျိုးသားချင်း များက အလှူငွေ ပေးပို့ထားသည်ကို ယင်းဒုက္ခသည် စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အကူ ဖြစ်သူ ဦးရှာလောမ် (ဘ) ဦးမောင်ဂိုလ်အာမတ်က သိရှိသွားပြီး ကိုးတန်ကောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ခင်လင်းစိုးထံ အကြောင်းကြား ခဲ့သည်။ 

သို့ဖြစ်၍ ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဒုက္ခသည် အမျိုးသမီး နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဆင့်ခေါ်ပြီး လူကုန်ကူးမှု ပြုလုပ်နေသည်ဟု လုပ်ကြံစွပ်စွဲ၍ တုတ်များဖြင့် ရိုက်နှက်ကာ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပြီး တစ်နေကုန် စခန်းတွင် ထိန်းသိမ်း ထားရာ နေ၀င်ချိန်တွင် အမျိုးသမီးများက ၎င်းတို့၏ ကာအိနြေ္ဒနှင့် အသက် အန္တရာယ် ရှိလာနိုင်သည်ကို စိုးရိမ်၍ နယ်ခြားစောင့် ရဲများ တောင်းသည့် ငွေကို ပေးရန် သဘောတူခဲ့သည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ခင်လင်းစိုးက ဒုက္ခသည် အမျိုးသမီး နှစ်ဦး ရရှိထားသည့် အလှူငွေ ငါးသိန်း ငါးသောင်းကို ရမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဒုက္ခသည် အမျိုးသမီး နှစ်ဦးမှာ ရရှိသည့် အလှူငွေများ အားလုံး နယ်ခြားစောင့်ရဲကို ပေးလိုက်ရသဖြင့် ၎င်းတို့၏ သားသမီးများ အတွက် တစ်ပြားပင် မကျန်တော့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus