နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ဆိုကာ အမျိုးသမီး (၄) ဦးထံမှ ငွေညှစ်



MYARF
RB News
10.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ (နယ်မြေ ၅) မှ နယ်ခြားစောင့် ရဲများသည် ငါးစကြူး ကျေးရွာ အုပ်စု၊ နိယာရ်ဘိလ်ရွာမှ ၎င်းတို့၏ တပည့်များ ဖြစ်သည့် ဦးနူရ်မာမတ် (ဘ) ဦးအာယုဖ်နှင့် ဦးရှာအာလောမ် (ဘ) ဦးဆာလေးအာမတ် (ရာအိမ်မှူး) တို့နှင့် ပူးပေါင်း၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး၏ အမည်ဖြင့် ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၈) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများ၏ တပည့်များသည် နယ်မြေ (၅) ရဲမှူး ထံမှ ဆင့်ခေါ်စာ တစ်စောင် ယူလာပြီး ငါးစကြူး ကျေးရွာ အုပ်စု၊ နိယာရ်ဘိလ်ရွာမှ ဒေသခံ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ငွေညှစ်ခံရသည့် အမျိုးသမီး (၄) ဦးမှာ --

(၁) ဦးနူရ်ကော်ဘိရ်၏ ဇနီး ဒေါ်မေရီ
(၂) ဦးနူရ်ဟူဆောင်း၏ ဇနီး ဒေါ်ဟိုင်ဒူ
(၃) ဦးဆော်ယာဒ်ဟူစိန်း၏ သမီး
(၄) ဦးမာမတ်ဖာရဲစ်၏ မိခင် -- တို့ဖြစ်သည်။

အဆိုပါ အမျိုးသမီး (၄) ဦး၏ သားများမှာ မလေးရှား နိုင်ငံသို့ ရောက်ရှိနေသည်ကို အကြောင်းပြု၍ လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus