နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောတွင် ကလေးငယ် တစ်ဦး မိုးသည်းထန်စွာ ရွာသွန်း မြေပြိုမှုကြောင့် သေဆုံး



Rohingya Eye
RB News
2.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာမှ လယ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးအမိရ်မူမိန်း၏ (၅) နှစ် အရွယ် သားဖြစ်သူ ဖေရူဒူးစ်သည် ဇွန်လ (၂၇) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုကျသောကြောင့် နေအိမ် ပြိုကျ ပျက်စီးရာတွင် အိမ်ထဲတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ကလေးငယ် သေဆုံးခဲ့ရသည့် အိမ်သည် တဲအိမ်ငယ် ဖြစ်ပြီး၊ အိမ်တစ်ခုလုံး ပြိုကျ ပျက်စီး၍ ကလေးငယ် တစ်ဦးပင် သေဆုံး သွားခဲ့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက လာရောက်၍ ထောက်ပံ့ခြင်း၊ ၀မ်းနည်း စကား ပြောဆိုခြင်း မရှိသည့် အပြင် ကျားခေါင်းတောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဦးအမိရ်မူမိန်းအား သားဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးရန် ဇွန်လ (၂၈) ရက်နေ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။ 

၎င်း၏ ကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက်၍ ဦးအမိရ်မူမိန်းသည် ဆင်းရဲသား တစ်ဦး ဖြစ်ကြောင်း၊ နေအိမ်လည်း လုံးဝ ပျက်စီး သွားကြောင်း၊ ၎င်း၏ သားဖြစ်သူ သေဆုံးမှု အတွက် မည်သို့မျှ ငွေပေးနိုင်မည် မဟုတ်ကြောင်း ဖြောင်းဖြ ပြောဆိုခဲ့သောကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထပ်မံ၍ ဆင့်ခေါ်ခြင်း မပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးအမိရ်မူးမိန်၏ နေအိမ်လည်း ပျက်စီး၊ သားဖြစ်သူလည်း အသက် သေဆုံးခဲ့သည့် ကြားမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငွေညှစ်ရန် ဆင့်ခေါ်သဖြင့် ဒေသခံများက အာဏာပိုင်များ အပေါ် အလွန်စိတ်ပျက် နေကြသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus