နောက်ဆုံးသတင်း/ဆောင်းပါးများ

WY သုံးစွဲသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး WY သုံးစွဲရန် ငွေမရှိသဖြင့် အမျိုးသမီး နှစ်ဦးထံမှ ငွေညှစ်



MYARF
RB News
11.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် ၎င်း၏ တပည့် ဖြစ်သူ ဦးဇော်လာအာမတ် (ဘ) ဦးဘိုင်လာ (အသက် ၄၇ နှစ်) တို့သည် WY သုံးစွဲရန် ငွေမရှိသဖြင့် အမျိုးသမီး နှစ်ဦး ထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် အမှတ် (၃) ရပ်ကွက်နေ ဦးကာမာလ်နှင့် ဒေါ်ရော်မီဒါ တို့ထံတွင် ရှုလ်ဘီနှင့် ယာစ်မီးန် ဆိုသည့် သမီးနှစ်ဦး ရှိပြီး ၎င်းတို့ နှစ်ဦးစလုံး အဆိုပါ ရပ်ကွက်တွင်ပင် အိမ်ထောင်ကျ ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် အဆိုပါ အမျိုးသမီး နှစ်ဦး၏ ခင်ပွန်းများမှာ လုပ်ကိုင် စားသောက်ရန် ခက်ခဲနေသဖြင့် မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားခဲ့သည်။ ခင်ပွန်းသည်များ မရှိတော့သည့် ဇနီးများမှာလည်း စားဝတ်နေရေး ခက်ခဲလာသဖြင့် မိဘများ အိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ 

ဇူလိုင်လ (၁၀) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း (ရခိုင် လူမျိုး) နှင့် ၎င်း၏ တပည့် ဖြစ်သူ ဦးဇော်လာအာမတ် တို့သည် ဦးကာမာလ်နှင့် ဒေါ်ရော်မီဒါ တို့၏ သမီးနှစ်ဦးကို ဆင့်ခေါ်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သွားရောက် ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့် ဦးဇော်လာအာမတ် တို့သည် WY မူးယစ်ဆေးဝါး သုံးစွဲ နေသူများ ဖြစ်ပြီး ယင်းနေ့တွင် ၎င်းတို့ နှစ်ဦးထံတွင် မူးယစ် ဆေးဝါး ၀ယ်ယူရန် ငွေမရှိ၍ နောက်ဆုံး ကြံရာမရ ဖြစ်ကာ အဆိုပါ အမျိုးသမီး နှစ်ဦးကို ဆင့်ခေါ်၍ ငွေညှစ်ပြီး WY မူးယစ်ဆေးဝါး ၀ယ်ယူ သုံးစွဲခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus