နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့နယ် ရဲမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ လုပ်ကြံ ငွေညှစ်



MYARF
RB News
27.8.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဘာလေ၊ ဘုရားပြင်အောင်ပ ကျေးရွာနှင့် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဒေသခံ တစ်ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ်တွင် သားသတ်လိုင်စင် ယူထားသည့် ဦးရော်ဖိခ်သည် ရောင်းချရန် ယူလာသည့် ကျွဲများကို မြို့ပေါ်တွင် ထားရန် ခက်ခဲသဖြင့် သြဂုတ်လ (၂၂) ရက်နေ့ ညနေပိုင်းတွင် ဖရုံချောင်း ကျေးရွာမှ ဦးအာယုဖ် (ဘ) ဦးဟာလာထံ ကျွဲများကို ကျေးရွာသို့ ယူဆောင်၍ ထိန်းသိမ်းထားရန် လွှဲပြောင်း ပေးခဲ့သည်။

ဦးအာယုဖ်က လူအချို့ ငှားရမ်း၍ ကျွဲအကောင် (၁၀၀) ကျော်ကို ဖရုံချောင်း ကျေးရွာသို့ ယူဆောင်သွားရာ လမ်းတွင် နေ၀င်သွားသည့် အခါ ဓါတ်မီးထိုး၍ ဘုရားပြင်အောင်ပ ကျေးရွာကို ဖြတ်သန်း သွားခဲ့သည်။ သြဂုတ်လ (၂၃) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ တို့က သြဂုတ်လ (၂၂) ရက်နေ့ညတွင် ဦးအာယုဖ် ဦးဆောင်သည့် ဖရုံချောင်း ကျေးရွာသားများက ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုရှိ န.တ.လ ရွာကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်ဟု လုပ်ကြံ၍ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဘာလေ ထံတိုင်တန်းခဲ့သည်။ 

ထိုသို့ လုပ်ကြံ တိုင်တန်းမှုကြောင့် ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဘာလေက ဦးအာယုဖ်ကို ဆင့်ခေါ်ပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus