နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်မှ ငါးဖမ်းသမားများ ပင်လယ်ပြင်ထွက် ငါးဖမ်းခွင့် ပိတ်ပင်ခံထားရ

မြင်းလွတ်ဈေး စစ်ဆေးရေးဂိတ် (ဓါတ်ပုံ - RB News)


RB News
29.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာတွင် သြဂုတ်လ (၁၄) ရက်နေ့ ည (၈) နာရီကျော် အချိန်တွင် နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ကျော်ဇေယျာဦး သေနတ်ဖြင့် ပစ်ခံရပြီး နောက်တွင် အလယ်သံကျော်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ငါးဖမ်း စက်လှေများနှင့် လောင်းလှေများကို ပင်လယ်ပြင်သို့ ငါးဖမ်း မထွက်ရန် နယ်ခြားစောင့် ရဲများက ပိတ်ပင် လိုက်သဖြင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ စားဝတ်နေရေး အခက်အခဲ ကြုံနေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

အလယ်သံကျော် တောင်ပိုင်း ကျေးရွာများမှ ငါးဝယ်ယူလာသည့် ဆိုင်ကယ် ကယ်ရီသမားများနှင့် မောင်တောသို့ ဈေးဝယ်ရန် သွားနေသူများအား မြင်းလွှတ်စခန်းမှ မ.က.ဖ (လ.၀.က) ဦးစီးအရာရှိ ဦးခင်ဇော်မြင့်က မြင်းလွှတ် ဈေးဂိတ် စခန်းတွင် စစ်ဆေးပြီး အစိမ်းနုရောင်ကဒ် မရှိဟု ဆိုကာ တစ်ဦးထံမှ ငွေကျပ် နှစ်ထောင်စီ ယူ၍ လွှတ်ပေးသော်လည်း၊ ကျောင်းတောင်နှင့် ဥဒေါင်း ကျေးရွာ ကြားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ် မျိုးမြင့်ဇော်က ထပ်မံ၍ ငွေကျပ် နှစ်ထောင်စီ ယူသည့်အပြင် ငါးဝယ်ယူလာသူများအား ပင်လယ်ပြင်သို့ မထွက်ရန် တားမြစ်ထားသည်ကို မလိုက်နာဘဲ ဖမ်းလာသည့် ငါးများမှာ တရားမ၀င်ဟု ဆိုကာ ပါလာသည့် ငါးများအားလုံး သိမ်းဆည်း ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ငါးရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများမှာ ၎င်းတို့၏ ငါးများအားလုံး ဓါးပြတိုက်ခံရသကဲ့သို့ သိမ်းဆည်းခံလိုက်ရသဖြင့် အရင်းအနှီးမဲ့သွားကာ လုပ်ကိုင် စားသောက်ရန်ပင် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။ 

အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့်များ ဖြစ်သည့် အလယ်သံကျော် လေယာဉ်ကွင်း ကျေးရွာမှ ဦးမောင်ဇူရ် (ဘ) ဦးအူမောတ်အလီနှင့် ဦးလာလူး (ဘ) ဦးဆာလေ တို့သည် နယ်ခြားစောင့် ရဲများ၊ ဦးမောင်သက်နိုင်တို့နှင့် ပူးပေါင်း၍ ယခုလ (၁၈) ရက်နေ့တွင် အလယ်သံကျော် လေယာဉ်ကွင်း ကျေးရွာနှင့် ကံပူး ကျေးရွာမှ စက်လှေ ပိုင်ရှင် (၄) ဦးအား ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သည်ဟု လုပ်ကြံ မတရား စွပ်စွဲ၍ ငွေညှစ်ခဲ့သည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးအစ္စမိုင်လ် (ညှစ်ခံရငွေ ၂၆၅၀၀၀ ကျပ်)
(၂) ဦးဖယာဇူလ္လာ (ဘ) ဦးနူရို (ညှစ်ခံရငွေ ၂၇၅၀၀၀ ကျပ်)
(၃) ဦးဖာရုခ် (ဘ) ဦးလာလ်မာမတ် (ညှစ်ခံရငွေ ၂၇၅၀၀၀ ကျပ်)
(၄) ဦးဆော်ယောဒူလ္လာ (ဘ) ဦးမာမတ်ဆလာမ် (ညှစ်ခံရငွေ ၂၇၅၀၀၀ ကျပ်) -- တို့ဖြစ်သည်။ 

သြဂုတ်လ (၂၀) ရက်နေ့တွင် ကံပူးကျေးရွာမှ ဟာဖီးဇ် ဦးရှော်ရိဖ်ဟူစိန်းနှင့် အတူ ဒေသခံ (၄) ဦးကို အုပ်ချုပ်ရေးမှူးသို့ ဆင့်ခေါ်၍ ၎င်းတို့၏ သားသမီးများ ဆော်ဒီအာရေဗျာ နိုင်ငံသို့ ထွက်ခွာသွားသည်ကို အုပ်ချုပ်ရေးမှူးထံ အကြောင်းမကြားဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

Comment ရေးရန်

Rohingya Exodus