နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ မြို့မ ဗလီရှေ့တွင် အမှိုက်သွန်ရန် စည်ပင်မှ ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ်ပေးထား

မြို့မ ဗလီရှေ့ မြင်ကွင်း (ဓါတ်ပုံ - RB News)


RB News
9.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ဗလီကြီး ရှေ့တည့်တည့်တွင် မြို့နယ် စည်ပင်သာယာမှ အုတ်ကန် တစ်ကန် တည်ဆောက် ပေးပြီး အများပြည်သူ အမှိုက်သွန်ရန် ပြုလုပ် ပေးထားသော်လည်း ကန်ထဲတွင် မသွန်ဘဲ ဗလီ၏ အုတ်တံတိုင်း တစ်လျှောက် အမှိုက်များ သွန်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ ပြောသည်။ 

အမှိုက်ကန်ကိုလည်း အခြားနေရာတွင် ပြုလုပ်ပေးလျှင် ရသော်လည်း ဗလီ၏ အုတ်တံတိုင်းနှင့် ကပ်လျက် ပြုလုပ် ထားသည်မှာ ရည်ရွယ်ချက် ရှိရှိဖြင့် အစ္စလာမ် ဘာသာဝင်များ၏ အထွဋ်အမြတ် ထားရာ ဗလီ ၀တ်ကျောင်းတော်၏ ပတ်ဝန်းကျင် ညစ်ညမ်းအောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ အမှိုက်ကန်သို့ ဝေးလံသည့် နေရာရှိ ရခိုင်ရွာများနှင့် ရဲစခန်းတို့မှ လာရောက် အမှိုက်သွန်ရာတွင် ကန်ထဲသို့ မသွန်ဘဲ ဗလီ၏ အုတ်တံတိုင်း ဘေးတစ်လျှောက်တွင် ပစ်၍ သွားကြသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော်တို့ မြို့မ ဗလီရဲ့ မျက်နှာချင်းဆိုင်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိတယ်။ အဲဒီမှာကျတော့ အမှိုက်မပစ်ရလို့ ရေးထားတယ်။ ကျွန်တော်တို့ ဗလီရှေ့မှာ တမင်သက်သက် လုပ်ထားတာ အမုန်းတရားပေါ် အခြေခံပြီး လုပ်ထားမှန်း သိသာတယ်။ ကျွန်တော်တို့ကတော့ ဘယ်ဘာသာရေး အဆောက်အဦ ရှေ့မှာမှ ဒီလို အမှိုက်ကန် မထားစေချင်ဘူး။ အာဏာပိုင်တွေ အနေနဲ့ ဒီအမှိုက်ကန်ကို ဖျက်ပြီး အခြားနေရာကို ရွှေ့ပေးသင့်တယ်” ဟု မြို့မိမြို့ဖ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus