နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုရ်ဘာနီ နွားရောင်းပွဲတော်တွင် ဗုံးခွဲရန် ကြိုးစားခဲ့သည့် ရခိုင်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး



MYARF
RB News
28.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကုရ်ဘာနီ နွားရောင်းပွဲတော် နောက်ဆုံးရက်တွင် ဗုံးဖောက်ခွဲရန် ကြိုးစားခဲ့သည့် ရခိုင်လူမျိုး နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကုရ်ဘာနီ နွားရောင်း ပွဲတော် နောက်ဆုံးရက် စက်တင်ဘာလ (၂၄) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ရခိုင်အစွန်းရောက် သူစိမ်း နှစ်ဦးသည် ကျောပိုးအိတ် တစ်လုံးဖြင့် နွားရောင်းပွဲတော်သို့ ရောက်ရှိလာပြီး တစ်နေရာတွင် ဗုံးတစ်လုံး ထောင်ထားခဲ့သည်။ ထို့နောက် ၎င်းတို့သည် အခြားနေရာ တစ်နေရာတွင် ဗုံးတစ်လုံး ထပ်မံ၍ ထောင်ရန် ကြိုးစားနေစဉ် နွားရောင်းပွဲတော်ရှိ ဒေသခံ ရိုဟင်ဂျာများ တွေ့ရှိသွားပြီး နွားရောင်းပွဲတော်တွင် လုံခြုံရေး တာဝန်ယူထားသည့် မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ဖွဲ့အား သတင်းပို့ခဲ့သည်။ 

သတင်းပို့ပြီးနောက် ရဲများရောက်ရှိလာပြီး အဆိုပါ ရခိုင်အစွန်းရောက် နှစ်ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ရာ ကျောပိုးအိတ်ထဲတွင် ဗုံးငါးလုံး တွေ့ရှိခဲ့သည်။ ထို့အပြင် ၎င်းတို့ ထောင်ထားခဲ့သည့် ဗုံးတစ်လုံးကို ရှာဖွေ သိမ်းဆည်းခဲ့သည်။ ထို့နောက် ၎င်းတို့ နှစ်ဦးစလုံးကို ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus