နောက်ဆုံးသတင်း/ဆောင်းပါးများ

မတရားသဖြင့် ကောက်ခံသည့် ဈေးကောက် မပေးသဖြင့် နယ်ခြားစောင့် ရဲများက ငွေညှစ်



MYARF
RB News
31.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံး ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးအီဒီရိစ် (ဘ) ဦးဟာလူ၊ ဦးနုရ်မာမတ် (ဘ) ဦးဆူလေမန်၊ ဦးအာဘူဆီဒိခ်(ဘ) ဦးဘာဆဲရ်အာမတ် တို့ပါဝင်သည့် (၈) ဦးအုပ်စုသည် အမှတ် (၅) နယ်မြေ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးနှင့် ပူးပေါင်း၍ အမှတ် (၅) နယ်မြေ အတွင်း ကျွဲ၊ နွား ရောင်းချသူများ ထံမှ ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ် ၅၀၀၀ စီ ဈေးကောက် အဖြစ် ကောက်ခံလျက် ရှိသည်။ ကျွဲ၊ နွားရောင်းချသူများက ဈေးကောက် ၅၀၀၀ ကျပ်ကို မပေးလျှင် နယ်ခြားစောင့် ရဲများက ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သိရသည်။ ကောက်ခံရရှိသည့် ငွေများမှ တစ်ဝက်ကို နယ်မြေ (၅) မှ ရဲမှူးအား ပေးရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

သြဂုတ်လ (၂၂) ရက်နေ့တွင် လောင်းဒုံး ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးအော်ဆီရာမန် (ဘ) ဦးအဒူမော်ဂျိတ်က နွားတစ်ကောင်ကို ရောင်းချခဲ့ရာ အဆိုပါ (၈) ဦးအဖွဲ့က ဈေးကောက် ၅၀၀၀ ကျပ် တောင်းခံခဲ့သည်။ ဦးအော်ဆီရာမန်က မပေးသဖြင့် လောင်းဒုံး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာ နယ်ခြားစောင့် ရဲများက ငွေကျပ် ၉၅၀၀၀ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျွဲ၊ နွားများ ရောင်းချလျှင် ကြိမ်ချောင်းမှ သားသတ်လိုင်စင်ရများ ဖြစ်သည့် ဦးအီဒီရိစ် (ဘ) ဦးအဒူလ်ဟာဘဲစ်၊ ဦးအာရော်ဖ် (ဘ) ဦးမာမတ်ဟာဆောင်း၊ ဦးဆော်ယာဒ်ဒူလ္လာ၊ ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးဖူတူး တို့ကိုလည်း ကျွဲ၊ နွား တစ်ကောင် အတွက် ငွေကျပ် ၅၀၀၀၀ စီ ပေးရသည်။ ထိုသို့ အဖွဲ့နှစ်ဖွဲ့အား ငွေပေးနေရသဖြင့် ကျွဲ၊ နွား ရောင်းဝယ်သူများမှာ အရှုံးပေါ်လျက် ရှိနေကြသည်။ ထို့ကြောင့် ဒေသခံ လယ်သမားများမှာ ကျွဲ၊ နွား မမွေးမြူနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus