နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း ပြိုင်းတောင် ကျေးရွာ တာဝန်ခံက ရွာသားများထံမှ ငွေညှစ်



MYARF
RB News
31.8.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင် ကျေးရွာမှ ဦးနာဂူး၏ သားများ ဖြစ်သော ရှားလောမ်နှင့် ဘိုင်လာတို့ ညီအစ်ကို နှစ်ဦး အချင်းချင်း စကားများသည်ကို ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက သိရှိသွားပြီး သြဂုတ်လ (၂၂) ရက်နေ့က ၎င်းတို့ ညီအစ်ကို နှစ်ဦးလုံးကို ဆင့်ခေါ်ကာ စကားများခဲ့သည်ကို အကြောင်းပြု၍ နယ်ခြားစောင့် ရဲများကို တိုင်တန်းကာ ဖမ်းဆီး စေမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ညီအစ်ကို အချင်းချင်း စကားများသည်ကိုပင် ခြိမ်းခြောက်၍ ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ငွေညှစ်နေလျှင် ကျေးရွာသားများ ရွာစွန့်၍ ထွက်ပြေးရမည့် အနေအထားကို ရောက်ရှိနေသည်ဟု ဒေသခံ ရွာသားများ ဝေဖန် ပြောဆိုနေကြသည်။ ကျေးရွာ တာဝန်ခံက ယခုကဲ့သို့ ဆက်လက်၍ ပြုလုပ်နေမည် ဆိုပါက ကျေးရွာတွင် မလိုလားအပ်သော ပြဿနာ အကြီးအကျယ် ပေါ်ပေါက်လာနိုင်သည်ဟု ဆိုသည်။ 

တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ဒေသခံ ရွာသားများက မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်လာရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်များက ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာကို အချိန်မှီ အရေးယူ ပေးရန် တောင်းဆိုကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus