နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ၊ အောင်မင်္ဂလာ ရပ်ကွက်သို့ ရခိုင် အစွန်းရောက်များ ၀င်ရောက် အကြမ်းဖက်ရန် ကြိုးစား

(ဓါတ်ပုံ - Paula Bronstein/Getty Images)

RB News
22.9.2015

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက်ရန် ရခိုင်အစွန်းရောက် အုပ်စု တစ်စုက ယနေ့ည ၁၁ နာရီ အချိန်တွင် ကြိုးစားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ရခိုင်အစွန်းရောက် အုပ်စုသည် အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားရာ လုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်မှ တားဆီးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စကားများနေစဉ် ဗျူဟာမှူးနှင့် တာဝန်ကျ အရာရှိကြီးများ ရောက်ရှိလာပြီး ရပ်ကွက် အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားသည့် အကြမ်းဖက်သမား များကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း အောင်မင်္ဂလာမှ ဒေသခံ တစ်ဦးက RB News သို့ အတည်ပြု ပြောကြားသည်။ 

ဗျူဟာမှူးက အောင်မင်္ဂလာ ရပ်ကွက်သူ/သား များကို အလှည့်ကျ ကင်းစောင့်ရန် မှာကြား သွားကြောင်းဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပါတီများမှ အောင်နိုင်ရေး အတွက် လှုပ်ရှားလျက် ရှိပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ရခိုင်ပြည်နယ်တွင်းတွင် ထူးခြား ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

Comment ရေးရန်

Rohingya Exodus