နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်မှ သုံးခေါက်ချိုး ကိုင်ထားသည့် ရိုဟင်ဂျာများ မဲပေးမည် မဟုတ်



MYARF
RB News
16.9.2015

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်မှ အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင် ထားသည့် ရိုဟင်ဂျာများသည် လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သုံးခေါက်ချိုး) ရှိသော ရိုဟင်ဂျာများမှာ မဲပေးပိုင်ခွင့် ရှိသည့် အတွက် အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင် ထားသော ရိုဟင်ဂျာများ၏ မဲစာရင်း ပြုစုရန် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ညွန်ကြား ထားကြောင်း သိရသည်။ သို့ဖြစ်၍ ကျောက်တော် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မြို့နယ်ရှိ ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်၍ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင် ထားသူများ၏ စာရင်း ပြုစု၍ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြရန် ပြောဆိုခဲ့သည်။ 

ထို့ကြောင့် ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူး များက စာရင်းပြုစုလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

သို့သော်လည်း ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့၏ ကိုယ်စားလှယ်လောင်း များကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် မပေးသည့် အပြင် ယာယီ သက်သေခံ ကဒ်ပြား ကိုင်ဆောင် ထားသော သိန်းချီသည့် ရိုဟင်ဂျာများကိုလည်း မဲပေးခွင့် မပြုဘဲ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်သူ များကိုသာ မဲပေးခွင့်ပြုလျှင် လုံးဝ မဲပေးမည် မဟုတ်ကြောင်း ပြောဆိုလျက် ရှိကြသည်။ 

ကျောက်တော်မြို့နယ် တစ်မြို့နယ် ထဲတွင်သာ မဲစာရင်း ကောက်ခံနေခြင်း ဖြစ်ပြီး ကျန်မြို့နယ် များတွင် မဲစာရင်း ကောက်ခံခြင်း မရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus