နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေသခံ တစ်ဦးကို RB News သို့ သတင်းပို့သူဟု စွပ်စွဲကာ ရဲမှူး ဝေလင်းကိုနှင့် အဖွဲ့က ငွေညှစ်



MYARF
RB News
20.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ခမောင်းဆိပ် ကျေးရွာအုပ်စု၊ အရှေ့ ခမောင်းဆိပ်ရွာမှ ဦးမာမတ်အာလာမ် (ဘ) ဦးအဘူကာဆိမ်း (အသက် ၃၆ နှစ်) ၏ နေအိမ်ကို စက်တင်ဘာလ (၉) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် အောင်ဇံရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ ရဲမှူး ဝေလင်းကိုနှင့် အဖွဲ့က ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရခြင်းမှာ ဦးမာမတ်အာလာမ်ကို RB News သို့ သတင်းပို့သူဟု ဆိုကာ ဖမ်းဆီးရန် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူးနှင့် အဖွဲ့က ဦးမာမတ်အာလာမ်၏ နေအိမ်ကို ၀န်းရံ၍ စစ်ဆေးနေစဉ် ကံကောင်း ထောက်မစွာဖြင့် ရှောင်ထွက် နိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ရဲမှူး၏ စက်ကွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိသဖြင့် ရဲမှူး၏ လက်ကိုင်တုတ် များမှ တစ်ဆင့် ငွေကျပ် သုံးသိန်း ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ယခုအခါ ခမောင်းဆိပ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက ဝေစု မရခဲ့ဟုဆိုကာ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဦးမာမတ်အာလာမ်ကို ဖမ်းဆီးရန် နေအိမ်သို့ လာရောက်၍ ရှာဖွေ ခဲ့သည်။ ၎င်းကို မတွေ့ရှိသဖြင့် အိမ်အနီးရှိ ဆိုင်ခန်းကို သိမ်းသည်ဟု ဆိုကာ ကင်းစခန်းမှူးက သော့အသစ် တစ်ခု ခတ်သွားခဲ့သည်။ 

ဦးမာမတ်အာလာမ်တွင် ကင်းစခန်းမှူးအား ငွေပေးရန် ငွေလည်းမရှိ၊ ဆိုင်လည်း ဖွင့်၍ ရောင်းမရ၊ ညပိုင်း၌ အိမ်တွင် အိပ်မရဘဲ ဒုက္ခပင်လယ်ဝေ နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ဦးမာမတ်အာလာမ်သည် RB News သို့ မည်သည့်အခါမှ သတင်းပေးပို့ခဲ့ခြင်း မရှိကြောင်း RB News မှ အတည်ပြုပါသည်။

Comment ရေးရန်

Rohingya Exodus