နောက်ဆုံးသတင်း/ဆောင်းပါးများ
အလယ်သံကျော်မှ ဒေသခံ (၃၀) ဦး ငွေကျပ် သိန်း ၁၅၀ ကျော် ညှစ်ခံရ
RB News
18.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ကျော်ဇေယျာဦး (ခ) အာဆော်ဒူလ္လာ (ဘ) ဦးကာဒိရ်ဟူဆောင်းနှင့် ၎င်း၏ ညီဖြစ်သူ အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ အာယာတုလ္လာ တို့က ရွာသားများအား အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ကျော်ဇေယျာဦး ဆိုသူသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သက်နိုင်၏ တပည့် ဖြစ်ပြီး လွန်ခဲ့သည့် ၃ နှစ်ခန့်မှ စ၍ ဒေသခံ ပြည်သူများအား အမျိုးမျိုး မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခဲ့ခြင်းများကို RB News တွင် အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေး အရေးယူခြင်း မရှိသည့်အပြင် ၎င်းနှင့် ပူးပေါင်းပြီး ဝေစုခွဲယူနေသည့် ပမာ ဖြစ်နေသည်ကို ထင်ရှားစွာ မြင်တွေ့နေရသည်။
ကျော်ဇေယျာဦး၏ ညှဉ်းပန်း နှိပ်စက်မှုဒဏ်ကို မခံနိုင်၍ သြဂုတ်လ (၁၄) ရက်နေ့တွင် အမည်မသိ လူတစ်စုက ၎င်းကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့နှင့် ပိုမို၍ ရင်းနှီးမှု ခိုင်မာလာသည်ဟု ဒေသခံများက ပြောပါသည်။ ထိုသို့ ရင်းနှီးမှု ပိုမိုခိုင်မာသည်ကို အခွင့်ကောင်းယူ၍ စက်တင်ဘာလ (၂၆) ရက်နေ့မှ စ၍ ၎င်း၏ ညီဖြစ်သူ အာယာတုလ္လာ အပါအ၀င် အလယ်သံကျော်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ညအချိန်မတော်တွင် မောင်တူလာရွာ အတွင်းရှိ ရွာသူ/သားများ၏ နေအိမ်တံခါး များကို ရိုက်ချိုး၍ ၀င်ရောက်ပြီး အပြစ်မဲ့ ရွာသူ/သား များကို ဖမ်းဆီးကာ အာယာတုလ္လာ၏ နေအိမ်သို့ ခေါ်ဆောင် သွားပြီး ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ငွေညှစ်ခံရသူများမှာ -- 
(၁) ဦးအရှောရော်ဖ် (ဘ) ဦးအာမီးန် (ညှစ်ခံရငွေကျပ် ၁ သိန်း)
(၂) ဦးဟာဘီအုလ္လာ (ဘ) ဦးဆုလ်တာန် (ညှစ်ခံရငွေကျပ် ၄ သိန်း)
(၃) ဒေါ်ဇိုင်ဒါဂေဂမ် (ဘ) ဦးမာမတ်ဆီဒိခ် (ညှစ်ခံရငွေကျပ် ၅ သိန်း)
(၄) ဒေါ်နုရ်နာရ် + မုစ်တဖိဇ် (ဘ) ဦးရှော်ဖီရောန် (ညှစ်ခံရငွေကျပ် ၆ သိန်း)
(၅) ဒေါ်ဟုမိုင်ရာ (ဘ) ဦးဖဇလ်အာမတ် (ညှစ်ခံရငွေကျပ် ၄ သိန်း ၆ သောင်း) 
(၆) ဦးရှာအာလောမ် (ဘ) ဦးအဒူရာမန် (ညှစ်ခံရငွေကျပ် ၅ သိန်း)
(၇) ဦးရာမတ်အုလ္လာ (ဘ) ဦးကာလူ (ညှစ်ခံရငွေကျပ် ၁ သိန်း)
(၈) ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးရှုနာအလီ (ညှစ်ခံရငွေကျပ် ၁၄ သိန်း)
(၉) ဦးဘော်ရှော်ရ် (ဘ) ဦးဆော်လာမတ် (ညှစ်ခံရငွေကျပ် ၁၄ သိန်း ၅ သောင်း)
(၁၀) ဒေါ်ဘော်ဒူ (ဘ) ဦးဒီလူး (ညှစ်ခံရငွေကျပ် ၉ သိန်း)
(၁၁) ဦးလာလ်မျာ (ဘ) ဦးဘာသာမျာ (ညှစ်ခံရငွေကျပ် ၅ သိန်း) 
(၁၂) ဦးမာမတ်ဇာကဲရ် (ခ) ဖေရာန် (ဘ) ဦးကာလာဟူစိန်း (ညှစ်ခံရငွေကျပ် ၄ သိန်း)
(၁၃) ဦးအာဘူလ်ဟာရှိမ် (ဘ) ဦးဇလာလ် (ညှစ်ခံရငွေကျပ် ၅ သိန်း)
(၁၄) ဦးယာစီးန် (ဘ) ဦးရှာမ်မျာ (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၁၅) ဦးရှော်ဖီအုလ္လာ (ဘ) ဦးမာမတ်နော်ဇိရ် (ညှစ်ခံရငွေကျပ် ၁၀ သိန်း)
(၁၆) ဦးရှောမ်ရှု (ဘ) ဦးဂျမာလ် (ညှစ်ခံရငွေကျပ် ၄ သိန်း)
(၁၇) ဦးလာလ်မျာ (ဘ) ဦးမာမတ်နော်ဇိရ် (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၁၈) မော်လ၀ီ ဦးအီလီယာစ် (ဘ) ဦးအာဘူလ်ခိုက်ရ် (ညှစ်ခံရငွေကျပ် ၁၀ သိန်း)
(၂၀) ဦးရှာအာလောမ် (ဘ) ဦးအဒူရာမန် (ညှစ်ခံရငွေကျပ် ၅ သိန်း)
(၂၁) ဦးအဒူလ်ဟာဖီးဇ် (ဘ) ဦးရော်ရှိတ်အာမတ် (ညှစ်ခံရငွေကျပ် ၅ သိန်း)
(၂၂) ဦးကော်ရီမူလ္လာ (ဘ) ဦးကာဆိမ်း (ညှစ်ခံရငွေကျပ် ၃ သိန်း ၅ သောင်း)
(၂၃) ဒေါ်ရော်ကီနီ (ဘ) ဦးဆော်ယောဒ် (ညှစ်ခံရငွေကျပ် ၄ သိန်း)
(၂၄) ဒေါ်အော်အီဒါ (ဘ) ဦးအဲရ်ဖာန် (ညှစ်ခံရငွေကျပ် ၃ သိန်း)
(၂၅) ဦးဘောက်ရှုး (ဘ) ဦးအာမီးရ်ဟူစိန်း (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၂၆) ဒေါ်ကာဂျော်လီ (ဘ) ဦးကာလာဖူလ် (ညှစ်ခံရငွေကျပ် ၆ သိန်း)
(၂၇) ဦးနူရ်မာမတ် (ဘ) ဦးဆီးရူး (ညှစ်ခံရငွေကျပ် ၄ သိန်း)
(၂၈) ဒေါ်ဟူမိုက်ရာ (ဘ) ဦးဘော်ဆိရ်အာမတ် (ညှစ်ခံရငွေကျပ် ၄ သိန်း ၆ သောင်း)
(၂၉) ဦးမာမတ်အာမီးန် (ဘ) ဦးဂူရာမျာ (ညှစ်ခံရငွေကျပ် ၂ သိန်း)
(၃၀) ဦးဘူရ်ဟာဒီးန် (ဘ) ဦးဂေါ်နီ (ဗျူဟာကုန်းရွာ) (ညှစ်ခံရငွေကျပ် ၂ သိန်း ၅ သောင်း) -- တို့ဖြစ်သည်။ 
အထက်ပါ ဒေသခံ (၃၀) ဦးထံမှ ငွေကျပ် စုစုပေါင်း ၁၅၃ သိန်း ၇ သောင်း ညှစ်ယူခဲ့သည်။
Comment ရေးရန်
Rohingya Exodus