နောက်ဆုံးသတင်း/ဆောင်းပါးများ

သီဟိုဠ်ကျွန်းမှ တပ်ကြပ်ကြီး မင်းဇော်က ဒေသခံ တစ်ဦးထံမှ ငွေ ၈ သိန်း ညှစ်



MYARF
RB News
5.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ကြပ်ကြီး မင်းဇော် အပါအ၀င် နယ်ခြားစောင့်ရဲ (၃) ဦးသည် စက်တင်ဘာလ (၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်းရွာမှ ဒေါ်ဆော်လေးမ၏ နေအိမ် တံခါးကို ရိုက်ချိုး၍ ၀င်ရောက်ကာ ၎င်း၏ အိမ်သို့ အလည် ရောက်ရှိနေသော သားမက် ဖြစ်သူ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူကို ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး၍ ငွေကျပ် သိန်း ၄၀ ပေးရန် တောင်းခံခဲ့သည်။ ငွေမပေးပါက RSO ဟု စွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခံသည်။ မတရားသဖြင့် စွပ်စွဲခံရသူကလည်း ထောင်ချခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် ၈ သိန်း ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ များသည် သီဟိုဠ်ကျွန်း အလယ်ရွာသို့ သွားရောက်၍ ဦးရှောမ်ရှု၏ နေအိမ်ကိုလည်း ၀င်ရောက် စစ်ဆေးခဲ့သည်။ အိမ်ရှင် ဖြစ်သူ ဦးရှောမ်ရှုအား မတွေ့သဖြင့် ဇနီးဖြစ်သူကို ယောက်ျားဖြစ်သူ ဘယ်ကို ရောက်နေသနည်းဟု မေးမြန်းကာ သူမ၏ အင်္ကျီကို ဆွဲ၍ လက်သီးဖြင့် နှစ်ချက် ထိုးခဲ့သည်။ ထို့နောက် လူမျိုး ဘာသာ ခွဲခြား၍ အမျိုးမျိုး ဆဲဆို ကြိမ်းမောင်းကာ ပြန်လည် ထွက်သွားခဲ့ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus