နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ ရိုဟင်ဂျာ နေအိမ် များသို့ ရဲနှင့် စစ်သားများ ၀င်ရောက်၍ တုတ်၊ ဓါး၊ လှံများ ရှာဖွေ



MYARF
RB News
19.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မရဲစခန်းမှ ရဲများက တုတ်၊ ဓါး၊ လှံ နှင့် ဘင်္ဂလားဖုန်းများ ရှာဖွေသည်ဟု ဆိုကာ ဆင်ခြေဖုံး ရပ်ကွက်များရှိ ရိုဟင်ဂျာ အိမ်များကို အောက်တိုဘာလ (၃) ရက်နေ့မှစ၍ စနေ၊ တနင်္ဂနွေနေ့ များတွင် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တော မြို့မ ရဲစခန်းမှ ရဲအင်အား ၅၀ ကျော် တို့သည် အမှတ် (၂) ရပ်ကွက် (မြို့မတောင် ရပ်ကွက်) အုပ်စု၊ ဖေဇီရွာသို့ သွားရောက်ပြီး ရွာအတွင်းရှိ အိမ်ခြေ တစ်ဝက်ကျော်ကျော်ကို စစ်ဆေးခဲ့သည်။ အောက်တိုဘာလ (၄) ရက်နေ့တွင် မြို့မတောင် ရပ်ကွက်၊ ဗိုလ်မှူးရွာသို့ ၀င်ရောက်၍ စစ်ဆေးခဲ့သည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့တွင် ရဲအင်အား ၅၀ ကျော်နှင့် စစ်သား ၁၀ ဦးကျော် တို့သည် မြို့မတောင် ရပ်ကွက်၊ အာလီရွာသို့ လည်းကောင်း၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် မြို့မတောင် ရပ်ကွက်၊ မြို့မ ငါးခူရရွာသို့ လည်းကောင်း ၀င်ရောက်၍ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအ၀င် ရဲများနှင့် စစ်သား ၁၀၀ ခန့်တို့သည် အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေ ရပ်ကွက်) သို့လည်းကောင်း၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် မြို့မ ကညင်တန်းသို့ လည်းကောင်း ၀င်ရောက်၍ စစ်ဆေးခဲ့သည်။ 

ရဲများက နေအိမ် အချို့မှ အိမ်သုံး ဓါးငယ်များ သိမ်းဆည်း ယူဆောင် သွားခဲ့သည်။ မြို့မ ငါးခူရ ရွာ၌ စစ်ဆေးစဉ် ရဲများက လူငယ် နှစ်ဦးကို ဘင်္ဂလားဖုန်း ကိုင်ဆောင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့သည်။ ရဲများနှင့် စစ်သားများက ရှာဖွေခဲ့သော်လည်း မည်သည့်အိမ်တွင်မှ တုတ်၊ ဓါး၊ လှံများ မတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

၎င်းတို့သည် ရိုဟင်ဂျာများ၏ နေအိမ်များကိုသာ စစ်ဆေးခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် များ၏ နေအိမ်များကို စစ်ဆေးခဲ့ခြင်း မရှိကြောင်း၊ ယခုကဲ့သို့ ရိုဟင်ဂျာများ၏ နေအိမ်များကိုသာ သီးသန့် စစ်ဆေးခြင်းသည် လူမျိုး ဘာသာခွဲခြား၍ ခြိမ်းခြောက် နေခြင်းသည်သာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus