နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများနှင့် နယ်ခြားစောင့်ရဲ များက အပြစ်မဲ့နှစ်ဦးထံမှ ငွေညှစ် မရသဖြင့် တရားစွဲ



MYARF
RB News
23.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ စစ်သားများနှင့် မြင်းလွတ် ကျေးရွာအုပ်စု ဂျင်းတော ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ အောက်တိုဘာလ (၁၈) ရက်နေ့ ည ၁၁း၃၀ နာရီ အချိန်တွင် မြင်းလွတ် ကျေးရွာအုပ်စု ဂျင်းတောရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးအား အသိပေးခြင်း မရှိဘဲ ဆယ်အိမ်မှူး တစ်ဦးကို ခေါ်ကာ လူနေအိမ်များကို စစ်ဆေးခဲ့သည်။ 

ဦးနာဂူး (ဘ) ဦးဖာစ်ကော်ရီး (အသက် ၃၉ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးပြီး ဘင်္ဂလားဖုန်း မိသည်ဟု ဆိုကာ စွပ်စွဲပြီး ဦးနာဂူးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် စစ်သားများနှင့် နယ်ခြားစောင့်ရဲ များသည် မြင်းလွတ် ကျေးရွာအုပ်စု၊ မျောချောင်းရွာသို့ သွားရောက်ပြီး လူနေအိမ် အချို့ကို စစ်ဆေးကာ ဦးဆော်လိမ် (ဘ) ဦးခင်မောင် (ဘ) ဦးဘိုင်တ္တား၏ MPT ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ 

ထို့နောက် ဖမ်းဆီးထားသူ နှစ်ဦးထံမှ နယ်ခြားစောင့်ရဲ များနှင့် စစ်သားများက ငွေတောင်းကြရာ အပြစ်မဲ့ နှစ်ဦးက ငွေမပေးသဖြင့် အောက်တိုဘာလ (၁၉) ရက်နေ့တွင် မောင်တော ရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယခုအခါ အပြစ်မဲ့ ဒေသခံ နှစ်ဦးကို တရားမ၀င် ဖုန်းကိုင်ဆောင်မှုဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။ အဆိုပါ နယ်ခြားစောင့်ရဲ များနှင့် စစ်သားများ ပူးပေါင်း၍ ရွာထဲသို့ ၀င်ရောက်ပြီး ဒေသခံများ ထံမှ မကြာခဏ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus