နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောင်းတောင်မှ ဒုရဲအုပ် မိုးသက်ဝသန်က ရှောင်တခင် စစ်ဆေးရန်ဟု ဆိုကာ ဒေသခံများ ထံမှ ငွေညှစ်



RB News
28.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူး ဒုရဲအုပ် မိုးသက်ဝသန်သည် အောက်တိုဘာလ (၈) ရက်နေ့တွင် ကျောင်းတောင်ရွာမှ မြို့နယ် ကျန်းမာရေးဌာနမှ တရားဝင်လိုင်စင်ဖြင့် ဆေးဆိုင်ရောင်းသူ ဦးအေနာမ်အုလ္လာ (ဘ) ဦးဟာရွန် အား တရားမ၀င် ဆေးထိုးသည်ဟု စွပ်စွဲကာ နေအိမ်မှ ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင်သွားကာ ငွေကျပ် ၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အောက်တိုဘာလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့ ညများတွင်လည်း ရှောင်တခင် စစ်ဆေးမည်ဟု အကြောင်းပြ၍ ကျောင်းတောင် ကျေးရွာအုပ်စု တောင်ရွာသို့ သွားရောက်ကာ ဒေသခံ ရွာသား (၆) ဦး၏ နေအိမ်များသို့ ၀င်ရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း အိမ်များ ပြုပြင် ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ငွေကျပ် ၅ သောင်းစီ ညှစ်ခံရသူများမှာ -- 

(၁) မော်လ၀ီ အဒူလော်တီ (ဘ) ဦးအဒူလာကိမ်း
(၂) ဦးအဒူရှုကူရ် (ဘ) ဦးအဒူဂေါ်ဖူရ်
(၃) ဦးနူရ်ဟူဆောင်း (ခ) ဦးခေါ်လျှာ (ဘ) ဦးနူရ်မာမတ်
(၄) ဦးမာမတ်ဟူစိန်း (ဘ) ဦးမူဘာရက်
(၅) ဦးဇော်ကရီ (ဘ) ဦးအဘာစ်
(၆) ဦးအိဒိရိစ် (ဘ) ဦးနော်ဘီဟူစိန်း -- တို့ဖြစ်သည်။ 

ရှောင်တခင် စစ်ဆေးရေး အဖွဲ့ကို စစ်တပ်မှ စစ်ကြောင်းမှူး ဦးဆောင် စစ်ဆေးနေသည်ကို သိရပြီး ကင်းစခန်းမှူး ဒုရဲအုပ် မိုးသက်ဝသန်နှင့် မသက်ဆိုင်သော်လည်း ငွေညှစ်ရန် ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus