နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ် ခမရ (၃၅၂) မှ ဒေသခံ လေးဦးကို အတင်းအဓမ္မ ခိုင်းစေသည့် အပြင် ရိုက်နှက် ငွေညှစ်



MYARF
RB News
28.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာ အခြေစိုက် ခမရ (၃၅၂) တပ်ရင်းက ရေနောက်ငါးသား ကျေးရွာနှင့် တမန်းသား ကျေးရွာ များမှ သစ်လုံးများကို ၎င်းတို့ စခန်းရှိရာ ခမောင်းဆိပ် ကျေးရွာသို့ သယ်ဆောင်လျက် ရှိသည်။ 

ထိုသို့ သယ်ယူရာတွင် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အောက်ဖော်ပြပါ ဒေသခံ (၄) ဦးကို တမန်းသား ဈေးသို့ အသွား လမ်းတ၀က်မှ အတင်းခေါ်ယူကာ ကားအပြည့် သစ်လုံးများ တင်ခိုင်းခဲ့သည်။ သစ်လုံးများ တင်ခိုင်းရန် ခေါ်သည့် အချိန်တွင် တင်ပေးရန် ငြင်းဆိုသောကြောင့် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး အပါအ၀င် စစ်သား (၅) ဦးတို့က လူမဆန်စွာ ၀ိုင်း၍ ထိုးကြိတ် ရိုက်နှက်ပြီးနောက် နောက်ဆုံးတွင် ငွေကျပ် ငါးထောင်စီ - စုစုပေါင်း ငွေကျပ် နှစ်သောင်းကို ဒဏ်ငွေဟု ဆိုကာ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သစ်လုံးတင်ပေးခဲ့ရပြီး ငွေကျပ် ငါးထောင်စီ ညှစ်ခံရသူများမှာ --

(၁) ဦးနူရ်ကာမာလ် (ဘ) ဦးအာဇ်မောလ်ဟူစိန်း - နတ်ချောင်း လောင်းဘုတ်ရွာမှ 
(၂) ဦးခါလာဒ်ဟူစိန်း (ဘ) ဦးရော်ရှိတ်အာမတ် - သက်ကိုင်ညာ လောင်းဘုတ်ရွာမှ
(၃) ဦးရာဟ်မောတ်အာမီးန် (ဘ) ဦးအဒူဆော်လာမ် - သက်ကိုင်ညာ လောင်းဘုတ်ရွာမှ
(၄) ဦးဖော်အီဇူလ္လာ (ဘ) ဦးနူရ်အာလောမ် - သက်ကိုင်ညာ လောင်းဘုတ်ရွာမှ -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus