နောက်ဆုံးသတင်း/ဆောင်းပါးများ

သားဖြစ်သူ ရေနစ် သေဆုံးသဖြင့် ဖခင် ဖြစ်သူ ငွေညှစ်ခံရ



MYARF
RB News
7.10.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင် ရွာမှ ဦးဟာလာမျာ (အထွေထွေ လုပ်သား၊ အသက် ၃၅ နှစ်) ၏ အသက် (၇) နှစ် အရွယ် သားဖြစ်သူသည် အောက်တိုဘာလ (၅) ရက်နေ့တွင် ရေနစ်မြုပ်၍ သေဆုံးခဲ့သည်။ 

ကလေးငယ် ရေနစ် သေဆုံးခဲ့သည့် အတွက်ဟု ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ တို့က ဦးဟာလာမျာ ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံ တို့က ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်၍ ဦးဟာလာမျာ၏ သားဖြစ်သူ ရေနစ်၍ သေဆုံးခဲ့ကြောင်း အကြောင်းကြား ခဲ့သည်။ နယ်ခြားစောင့်ရဲ များကလည်း ဦးဟာလာမျာ ထံမှ ငွေကျပ် နှစ်သိန်း တောင်းခံလျက် ရှိရာ ဆင်းရဲသား တစ်ဦး ဖြစ်သည့် ဦးဟာလာမျာသည် ငွေကျပ် နှစ်သိန်း ပေးရန် မတတ်နိုင်သဖြင့် နယ်ခြားစောင့်ရဲများ ဖမ်းဆီးရန် ရှာဖွေ နေသောကြောင့် တိမ်းရှောင် နေရသည်ဟု ဆိုသည်။ 

၎င်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံ တို့ကို ရွာသား တစ်ဦးထံမှ ချေးငှား၍ ပေးခဲ့ခြင်း ဖြစ်သည်။ ချေးငှားထားသည့် ငွေပင် ပြန်ပေးနိုင်သည့် အခြေအနေ မရှိသည့် ဦးဟာလာမျာသည် နယ်ခြားစောင့်ရဲ များကို ထပ်မံ၍ ငွေကျပ် နှစ်သိန်း ပေးနိုင်ရန် အခြေအနေ လုံးဝ မရှိသောကြောင့် တိမ်းရှောင် နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus