နောက်ဆုံးသတင်း/ဆောင်းပါးများ

သီဟိုဠ်ကျွန်းမှ တပ်ကြပ်ကြီး မင်းဇော်က ဒေသခံ တစ်ဦး ထံမှ ငွေ ၁၃ သိန်း ညှစ်



MYARF
RB News
5.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ကြပ်ကြီး မင်းဇော်နှင့် အဖွဲ့သည် အောက်တိုဘာလ (၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်း ကျေးရွာမှ ကျန်းမာရေး လုပ်သား ဖြစ်သူ ဦးအာမိရ်ဟမ်ဇားသည် ဆိုင်ကယ်စီး၍ သွားလာနေစဉ် ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကို ရှာဖွေ စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ကင်းစခန်းသို့ ရောက်ရှိသည်နှင့် ဆိုင်ကယ်ထဲတွင် WY မူးယစ်ဆေးဝါး မိသည်ဟု လုပ်ကြံ၍ ငွေကျပ် သိန်း ၆၀ ပေးရန် တောင်းခံခဲ့သည်။

တပ်ကြပ်ကြီး မင်းဇော်နှင့် အဖွဲ့က နောက်ဆုံးတွင် အောက်တိုဘာလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် ၁၁ သိန်း ပေးရမည်ဆိုကာ ဦးအာမိရ်ဟမ်ဇားကို ပြန်လည် လွှတ်ပေးခဲ့ပြီး ဆိုင်ကယ်ကို သိမ်းဆည်း ထားခဲ့သည်။ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဦးအာမိရ်ဟမ်ဇားက ငွေကျပ် ၁၁ သိန်းကို တပ်ကြပ်ကြီး မင်းဇော်ကို ပေးပြီး ဆိုင်ကယ်ကို မယူဘဲ မတရား လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခံရသည်နှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တိုင်တန်း ခဲ့သည်။ 

အောက်တိုဘာလ (၅) ရက်နေ့တွင် လေးမိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးက တပ်ကြပ်ကြီး မင်းဇော်ကို အခြား စခန်းသို့ ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ တပ်ကြပ်ကြီး မင်းဇော်သည် စခန်းမှ ထွက်ခွာ မသွားမှီ ဦးအာမိရ်ဟမ်ဇားကို ဆိုင်ကယ် ပြန်ပေး၍ ဆိုင်ကယ် အတွက်ဟု ဆိုကာ ငွေကျပ် နှစ်သိန်း ထပ်မံ၍ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus