နောက်ဆုံးသတင်း/ဆောင်းပါးများ

ငွေညှစ်ခံရမှု စစ်ဆေးရန် ဆင့်ခေါ်ခံရသူ များကို နယ်ခြားစောင့် ရဲများက ခြိမ်းခြောက်



MYARF
RB News
4.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ သီဟိုဠ်ကျွန်းဈေးရှိ ကြိမ်ချောင်း ကျေးရွာမှ ဦးအာနီစ်ခါန်နှင့် ၎င်း၏ သူငယ်ချင်းတို့ကို စက်တင်ဘာလ (၉) ရက်နေ့က အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခဲ့မှုနှင့် ပတ်သက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက စစ်ဆေးရန် သီဟိုဠ်ကျွန်းဈေးမှ လဘက်ရည်ဆိုင် ပိုင်ရှင် နှစ်ဦးနှင့် ရွာသား နှစ်ဦးကို ဆင့်ခေါ်ခဲ့သည်။ 

ဆင့်ခေါ်ခံရသူများကို ငွေညှစ်ခဲ့သည့် နယ်ခြားစောင့်ရဲ များက တွေ့ဆုံ၍ ရဲမှူးနှင့် တွေ့လျှင် ဖမ်းဆီးခြင်းလည်း မရှိ၊ ငွေညှစ်ခဲ့ခြင်းလည်း မဟုတ်ကြောင်း ထွက်ဆိုရန်၊ အကယ်၍ ဖမ်းဆီး ငွေညှစ်ခဲ့သည်ဟု ဆိုပါက ထပ်မံ၍ လုပ်ကြံ ဖမ်းဆီးပြီး ထောင်ကျအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဆင့်ခေါ်ခံရသူများကလည်း ရဲမှူးနှင့် တွေ့ဆုံသည့်အခါ နယ်ခြားစောင့်ရဲ များ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ၍ အမှန်အတိုင်း မပြောရဲကြဘဲ ဖမ်းဆီး ငွေညှစ်ခံရခြင်း မရှိကြောင်း နယ်ခြားစောင့်ရဲများ ပြောခိုင်းသည့် အတိုင်း ပြောဆိုခဲ့သည်။ ထို့နောက် ရဲမှူးက ငွေညှစ်ခံရသူ ဦးအာနီစ်ခါန်နှင့် သူငယ်ချင်း ဖြစ်သူတို့ကို ခေါ်ခိုင်းရာ လဘက်ရည်ဆိုင် ပိုင်ရှင်နှစ်ဦးနှင့် ရွာသား နှစ်ဦးတို့က နယ်ခြားစောင့်ရဲများ ခြိမ်းခြောက်သည် များကို ပြောဆိုခဲ့ရာ ၎င်းတို့ကလည်း နောက်တစ်ကြိမ် လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခံရမည်ကို ကြောက်ရွံ၍ နယ်ခြားစောင့်ရဲများ ပြောခိုင်းသည့် အတိုင်းသာ ထွက်ဆိုခဲ့သည်။

Comment ရေးရန်

Rohingya Exodus