နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ တာဝန်ခံနှင့် နယ်ခြားစောင့်ရဲတို့ ပူးပေါင်း၍ ၁၆ နှစ်အရွယ် ကလေး တစ်ဦးကို လုပ်ကြံ ဖမ်းဆီး



MYARF
RB News
23.10.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်းက အောက်တိုဘာလ လဆန်းပိုင်းတွင် ယင်းကျေးရွာမှ ကော်ရီမူလ္လာ (ဘ) ဦးဒိလ်မာမတ် (အသက် ၁၆ နှစ်) ထံမှ ငွေကျပ် နှစ်သိန်း အကူအညီ တောင်းခံခဲ့သည်။ 

ကော်ရီမူလ္လာက ငွေမပေးခဲ့သဖြင့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ နယ်ခြားစောင့်ရဲ များ၏ အကူအညီဖြင့် ဖမ်းဆီး ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ထို့အပြင် အောက်တိုဘာလ (၁၆) ရက်နေ့ ည ၆း၃၀ နာရီတွင် ကော်ရီမူလ္လာက လမ်းဘေးတွင် ရပ်၍ MPT ဖုန်းတစ်လုံးဖြင့် စကားပြောနေသည်ကို ဦးဆော်လီမူလ္လာက မြင်၍ ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်တင်ထွန်းဦးနှင့် အဖွဲ့အား ဖုန်းဆက် ခေါ်ကာ ကော်ရီမူလ္လာကို ဖမ်းဆီး စေခဲ့သည်။ 

ထို့နောက် ရဲအုပ်တင်ထွန်းဦးက ကော်ရီမူလ္လာ၏ MPT ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခု ထည့်သွင်းပေးကာ ဘင်္ဂလားဖုန်းနှင့် စကားပြောနေစဉ် ဖမ်းဆီးခဲ့သည်ဟု လုပ်ကြံ အမှုဖွင့်၍ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ဘူးသီးတောင် အကျဉ်းထောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus