နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူးမှု တားဆီးရေး ရဲများက မော်လ၀ီ တစ်ဦးကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်



MYARF
RB News
7.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာ အခြေစိုက် မြို့မကညင်တန်း ကျေးရွာရှိ လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး အဖွဲ့မှ ရဲများသည် အောက်တိုဘာလ (၃) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော်ဈေးသို့ သွားရောက်၍ အလယ်သံကျော်ဈေးတွင် အထည်ဆိုင် ရောင်းချနေသော အလယ်သံကျော်၊ ဟာဂျီရွာမှ မော်လ၀ီ ဦးအဒူမာနာန်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး၊ ဆိုင်ပိတ်ခွင့်ပင် မပေးဘဲ ကားပေါ်သို့ တင်၍ မောင်တောမြို့သို့ ခေါ်ဆောင် သွားခဲ့သည်။

လမ်းတစ်ဝက်တွင် ရဲများက မော်လ၀ီ ဦးအဒူမာနာန်ကို နှစ်ရှည် ထောင်ဒဏ်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၁၀ သိန်း ညှစ်ရာ မော်လ၀ီ ဦးအဒူမာနာန်က ဥပဒေမဲ့ ထောင်ချခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် (၇) သိန်း ပေးမှသာ ပြန်လည် လွတ်မြောက်လာ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus