မောင်တော မြို့မ ရဲစခန်းမှ ရဲများက ဒေသခံ တစ်ဦးကို လုပ်ကြံ ဖမ်းဆီး၍ ငွေနှစ်သိန်းခွဲညှစ်
MYARF
RB News
24.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သပြေတော ကျေးရွာအုပ်စုမှ ဟာဖီးဇ် ဇာရိုလ္လာ (ဘ) မော်လ၀ီ ဆော်လီမူလ္လာ (အသက် ၂၁ နှစ်) သည် ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် မောင်တော မြို့ပေါ်သို့ ဈေးဝယ်ရန် သွားရောက်ခဲ့သည်။
နေ့လည် ၁၂ နာရီခန့် အချိန်တွင် မောင်တော မြို့မ ရဲစခန်းမှ ရဲများက ၎င်းအား ကညင်တန်း ဈေးမှ ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ပြီး ပြန်လာနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် နှစ်သိန်း ငါးသောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဟာဖီးဇ် ဇာရိုလ္လာတွင် ငွေကျပ် နှစ်သိန်း ငါးသောင်း မရှိ၍ ဆွေမျိုးသားချင်း ထံမှ ချေးငှား၍ ရဲများကို ပေးခဲ့ရသည်ဟု ဆိုသည်။