နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်မှ ရိုဟင်ဂျာ ၂၅၀ ကျော် ပေါ်တာ ဆွဲခံရ



MYARF
RB News
19.10.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဘက်မှ စစ်သား ၄၀၀ ခန့်သည် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ရသေ့တောင် မြို့နယ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းစစ်သားများမှ စစ်သား ၃၀၀ ခန့်သည် အသုတ် (၃) သုတ်ခွဲ၍ အောက်တိုဘာလ (၁၅)၊ (၁၆)၊ (၁၇) ရက်နေ့များတွင် တောင်ကြားလမ်းမှ တဆင့် မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာသို့ သွားရောက်ခဲ့သည်။ 

အဆိုပါ စစ်သားများသည် တောင်ကျော်၍ သွားနေစဉ် ရသေ့တောင် မြို့နယ် အပိုင် ရိုဟင်ဂျာရွာများ ဖြစ်သည့် အထက်နန်းရာ၊ အောက်နန်းရာ၊ သပြေတော ကျေးရွာ စသည့် ကျေးရွာများသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ ၂၅၀ ကျော်ကို စစ်သားများ၏ အထုတ်များ ထမ်းရန် အတင်းအဓမ္မ ပေါ်တာ ဆွဲခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ပေါ်တာဆွဲခံရသူ များမှာ စစ်သားများ၏ အထုတ်များကို မောင်တော မြို့နယ် ကျောက်ပန္ဒူထိ ပို့ပေးပြီးမှ ပြန်ခွင့်ရခဲ့သည်။ လမ်းခရီးတွင် အစာရေစာ မစားသောက်ရဘဲ တစ်ည နေခဲ့ရကြောင်း သိရသည်။ 

ကျန်သည့် စစ်သား ၁၀၀ ခန့်မှာ ရသေ့တောင် မြို့နယ်တွင် ကျန်ရစ်ခဲ့သည်။ ရသေ့တောင်တွင် ကျန်ရစ်ခဲ့သည့် စစ်သားများမှာ ရခိုင်ရွာများရှိ ဘုန်းကြီးကျောင်း များတွင် စခန်းချ နေထိုင်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

၎င်းတို့သည် နေ၀င်သည်နှင့် သေနတ်ကို မိုးပေါ်ထောင်၍ အဆက်မပြတ် ပစ်ဖောက်လျက် ရှိသည်ဟု ဆိုသည်။ ရသေ့တောင် မြို့နယ်တွင် ရိုဟင်ဂျာ အနည်းငယ်သာ ရှိပြီး ညအချိန်တွင် သေနတ်သံ အဆက်မပြတ် ကြားနေရသောကြောင့် ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus