နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ကြပ်ကြီး မင်းဇော်က ဒေသခံ ရိုဟင်ဂျာများကို မတရား လုပ်ကြံ ဖမ်းဆီး ရိုက်နှက် ငွေညှစ်



MYARF
RB News
3.10.2015

မောင်တော ။ ။ အောက်တိုဘာလ (၁) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့သူကြီး ကျေးရွာအုပ်စု၊ ဆောင်ပိုင်ညာရွာမှ ဦးအာယုဖ်နှင့် ၎င်း၏ မိတ်ဆွေ ဦးအာနိုဝါရ် တို့သည် ဟာဘီရွာရှိ ဦးအာယုဖ်၏ ယောက္ခမအိမ်သို့ အလည်အပတ် သွားခဲ့သည်။ ည ၆း၃၀ နာရီ အချိန်ခန့်တွင် ၎င်းတို့နှစ်ဦးသည် ဟာဘီရွာမှ ဆောင်ပိုင်ညာရွာသို့ ပြန်သွားနေစဉ် သီဟိုဠ်ကျွန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှေ့သို့ ရောက်သည့်အခါ တပ်ကြပ်ကြီး မင်းဇော်က ဆိုင်ကယ်ကို ရပ်တန့်၍ ၎င်းတို့နှစ်ဦးနှင့် ဆိုင်ကယ်ကို စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦးကို စခန်းထဲခေါ်သွင်းကာ WY မူးယစ်ဆေးဝါးနှင့် ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံ၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

တပ်ကြပ်ကြီး မင်းဇော်၏ လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်မှုကို မြင်၍ စခန်း တာဝန်ခံ ဒုရဲအုပ်ပင် မနေနိုင်တော့ဘဲ တပ်ကြပ်ကြီးအား “ငွေညှစ်ချင်ရင် ငွေညှစ်ပြီး ပြန်လွှတ်ပေးပါလား၊ ဘာကြောင့် လူတွေကို လူသားမဆန်စွာ ရိုက်နှက်ရတာလဲ” ဟုပြောသဖြင့် ဒုရဲအုပ်ကိုပင် ရန်ရှာခဲ့ကြောင်း သိရသည်။ 

တပ်ကြပ်ကြီး မင်းဇော်က ၎င်းတို့ နှစ်ဦးကို ဆက်လက် ရိုက်နှက်၍ WY မူးယစ်ဆေးဝါးနှင့် ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု အတင်းအဓမ္မ ၀န်ခံခိုင်းရာ ရိုက်နှက်မှုဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် ၀န်ခံခဲ့ရသည်။ ထိုသို့ ၀န်ခံခြင်းကို တပ်ကြပ်ကြီးက မိုဘိုင်းဖုန်းဖြင့် အသံသွင်းယူခဲ့သည်။ ထို့နောက် ည ၁၂ နာရီ အချိန်ခန့်တွင် ငွေကျပ် ၉ သိန်းညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

တပ်ကြပ်ကြီး မင်းဇော်၏ ရိုက်နှက်မှုကြောင့် ဦးအာယုဖ်၏ ဦးခေါင်း၊ နှာခေါင်းနှင့် နှုတ်ခမ်းကွဲပြတ် သွားသည့် အပြင်၊ နားမှလည်း သွေးစီးခဲ့သည်။ 

အဆိုပါ တပ်ကြပ်ကြီးသည် အမြဲလိုလို ဒေသခံ ရိုဟင်ဂျာများကို မတရားသဖြင့် လုပ်ကြံ ဖမ်းဆီး၍ ရိုက်နှက် ငွေညှစ်လျက် ရှိသည်။ အောက်တိုဘာလ (၁) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် သီဟိုဠ်ကျွန်း တောင်ပိုင်း ကင်းရုံတွင် ထိုင်နေသည့် ဦးဂျာဘူလောက် (ဘ) ဦးအလီဂျူဟာရ်ကို ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ၍ ရိုက်နှက်က ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ယခင်အပတ်ကလည်း လူနေအိမ်များသို့ ၀င်၍ မတရား ဖမ်းဆီးပြီး ငွေညှစ်ခဲ့သည့် အပြင် အမျိုးသမီး များကိုလည်း ကိုင်တွယ် စစ်ဆေး၍ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus