နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးလင်းလင်းနိုင်က အင်းဒင် ဗလီ ဂေါပကကို ငွေ ၁၀ သိန်း မပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်နေ



MYARF
RB News
18.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၈) မှ စခန်းမှူး ရဲမှူး လင်းလင်းနိုင်က လွန်ခဲ့သည့် ဇူလိုင်လကုန်က တိုက်ခိုက်ခဲ့သည့် ကိုမန် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အင်းဒင် ဗလီကျောင်းတော် ၀င်းခြံရှိ အာဇာန်မျှော်စင်၏ ၅ ပေခန့် တိုင်တစ်လုံးကို တစ်ပိုင်းလဲပေးခဲ့သည်ကို အကြောင်းပြု၍ ဗလီကျောင်းတော် ပြုပြင်နေသည်ဟု စွပ်စွဲကာ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ဂေါပက အဖွဲ့ကို စခန်းသို့ ဆင့်ခေါ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရဲမှူးလင်းလင်းနိုင်က ဂေါပက အဖွဲ့ထံမှ ငွေကျပ် ၁၀ သိန်း တောင်းခံလျက် ရှိသည်ဟု ဆိုသည်။ အကယ်၍ ၎င်းတောင်းခံသည့် ငွေကျပ် ၁၀ သိန်း မပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus