နောက်ဆုံးသတင်း/ဆောင်းပါးများ

လေးမြို့မြစ်တွင် ငါးဖမ်းနေသည့် ရိုဟင်ဂျာ ငါးဖမ်းသမား တစ်ဦးကို ရခိုင် အစွန်းရောက်များ ဖမ်းဆီးသွား



RB News
1.11.2015

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ် နာဂရာ ကျေးရွာအုပ်စု၊ နာဂရ ပေါက်တော ကျေးရွာမှ ဦးဒိလ်မာမတ်သည် အောက်တိုဘာလ (၂၇) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် လေးမြို့မြစ် တစ်ဖက်ကမ်း၊ ပရိန်းကျေးရွာ အနီးတွင် ငါးဖမ်းလှေ တစ်စီးဖြင့် ငါးဖမ်းနေစဉ် ရခိုင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး ငါးဖမ်းသမား ဦးဒိလ်မာမတ်ကို ၎င်းတို့၏ စက်လှေပေါ်သို့ အတင်းအဓမ္မ တင်ယူရန် ကြိုးစားသောအခါ ဦးဒိလ်မာမတ်က အော်ဟစ်၍ ပတ်ဝန်းကျင်ရှိ အခြားသော ငါးဖမ်းသမားများ ထံမှ အကူအညီ တောင်းခံခဲ့သည်။ အခြားသော ငါးဖမ်းသမားများ ဓါတ်မီး ထိုး၍ ရောက်လာသည့် အချိန်တွင် ရခိုင်အစွန်းရောက်များက ငါးဖမ်းသမား ဦးဒိလ်မာမတ်ကို ၎င်းတို့၏ စက်လှေပေါ်သို့ တင်ဆောင်၍ စက်လှေကို ရခိုင်ရွာများ ရှိသည့် လေးမြို့မြစ် အောက်ပိုင်းဘက်သို့ မောင်းသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရခိုင် အစွန်းရောက်များ ဖမ်းဆီး ခေါ်ဆောင် သွားသည့် ငါးဖမ်းသမား ဦးဒိလ်မာမတ်နှင့် ပတ်သက်၍ မည်သည့် သတင်း တစ်စုံတစ်ရာမှ မရှိသဖြင့် ရွာသားများနှင့် မိသားစုဝင်များ အထူး စိုးရိမ်လျက် ရှိနေကြသည်။ 

မိမိတို့၏ စားဝတ်နေရေး အတွက် ငါးဖမ်းနေသည့် ရိုဟင်ဂျာ ငါးဖမ်းသမားများကို ရခိုင် အစွန်းရောက်များက ယခုကဲ့သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အခြားနည်းများဖြင့် နှောက်ယှက် နေမည်ဆိုလျှင် ရိုဟင်ဂျာ ငါးဖမ်းသမား များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ထိခိုက်မည့် အပြင် စားဝတ်နေရေးပါ အခက်အခဲ ဖြစ်လာမည်ဟု ငါးဖမ်းသမား များက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus