နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်လူငယ် ၃ ဦးက ဆိုက်ကားသမား တစ်ဦးက ဆိုက်ကားခ မပေးဘဲ လည်လှီး သတ်ဖြတ်ရန် ကြိုးစား



Rohingya Eye
RB News
6.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာမှ ဦးမိုဟာမတ် အစ္စမိုင်လ် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၅ နှစ်) သည် ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာလ (၃) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင် ဆိုက်ကား နင်းလာစဉ် ရပ်ကွက် (၄) ရွာသစ်ရွာမှ ရခိုင်လူငယ်နှစ်ဦးသည် ဆိုက်ကားပေါ် တက်ကာ မြို့မ ဘုန်းကြီးကျောင်းရှေ့ ရွှေဆိုင်တစ်ဆိုင်သို့ ၀င်ရောက်ခဲ့ပြီး ခဏအကြာတွင် ၎င်းရခိုင်လူငယ် နှစ်ဦးနှင့် အတူ နောက်ထပ် ရခိုင်လူငယ် တစ်ဦးတက်ကာ ရွှေဇား၊ အောင်ဗလ (န.တ.လ) ရွာသို့ ပို့ဆောင် ပေးရန် ပြောဆိုသဖြင့် ဆိုက်ကားသမားက အောင်ဗလရွာသို့ ပို့ဆောင် ပေးခဲ့သည်။ 

အောင်ဗလရွာသို့ ရောက်သည်နှင့် ဆိုက်ကားသမားကို ဆိုက်ကားခ ပေးရန်ဟု ဆိုကာ အိမ်တစ်အိမ် အတွင်းသို့ ခေါ်ဆောင် သွားပြီး၊ အိမ်ထဲသို့ ရောက်သည်နှင့် ရခိုင်လူငယ် ၃ ဦးက ၀ိုင်းဝန်း ထိုးကြိတ်၍ ဓါးဖြင့် လည်လှီး သတ်ဖြတ်ရန် စီစဉ် နေစဉ် အနီးအနား အိမ်တစ်အိမ်မှ ရခိုင်လူကြီး တစ်ဦး ရောက်ရှိလာပြီး၊ ဓါးနှင့် လှီးဖြတ်ခြင်း မပြုလုပ်ရန်၊ ပါလာသည့် ပစ္စည်းများကို လုယက်၍ ပြန်လည် လွှတ်ပေးရန် ပြောသဖြင့် ဆိုက်ကားသမား ထံတွင် ပါလာသည့် ငွေကျပ် ၁၇၀၀ နှင့် ရွှေလက်စွပ် တစ်ကွင်းကို လုယက်၍ ည ၆ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဆိုက်ကားသမား ဖြစ်သူ ဦးမိုဟာမတ် အစ္စမိုင်လ်၏ မျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သလို၊ မျက်နှာလည်း ဖူးယောင်လျက် ရှိသည်။ ထို့အပြင် လည်ပင်းတွင်လည်း ဒဏ်ရာ ရရှိခဲ့ပြီး၊ ပြင်ပတွင် ဆေးကုသမှု ခံယူရန် ငွေကြေး အခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်။ 

ယင်းနေ့ ညပိုင်းတွင် ညမထွက်ရ အမိန့်ကို ကျော်လွန်ပြီး ညသန်းခေါင်ယံ (၁) နာရီအချိန်တွင် ရခိုင် သူစိမ်း (၃) ဦးသည် မောင်တောမြို့နယ် မောင်နီရွာတွင် တုတ်၊ ဓါးများ ကိုင်ဆောင်လျက် ရွာထဲ ၀င်ရောက်ပြီး ဖားများ ရှာဖွေ နေသော်လည်း နယ်ခြားစောင့်ရဲ များက ဟန့်တားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ 

ယင်းနေ့တွင် ရခိုင်အမျိုးသား ပါတီ (ANP) ၏ ဒု-ဥက္ကဌ ဒေါ်အေးနုစိန်သည် မောင်တော မြို့သို့ လာရောက်ခြင်း၊ ကမန် ကိုယ်စားလှယ်လောင်း အတွက် ရခိုင်လူမျိုး နှစ်ရာကျော်က ကန့်ကွက် ဆန္ဒပြမှုနှင့် တိုက်ဆိုင် နေသဖြင့် ရခိုင်အစွန်းရောက် များက ကြိုတင် အကွက်ချ၍ ဆူပူ အကြမ်းဖက်မှု ဖြစ်အောင် စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ် နေကြသည်။

Comment ရေးရန်

Rohingya Exodus