နောက်ဆုံးသတင်း/ဆောင်းပါးများ

ပန်းတောပြင်ရှိ နယ်ခြားစောင့်ရဲ များက ဒေသခံများကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်



MYARF
RB News
29.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာနှင့် ပန်းတောပြင် ကျေးရွာ ကြားရှိ တံတားစောင့် ကင်းစခန်း (ပန်းတောပြင် စခန်း) မှ နယ်ခြားစောင့်ရဲ များသည် ပန်းတောပြင် ရွာထဲသို့ အချိန်မတော် သွားရောက်၍ တွေ့သမျှ ရွာသူရွာသား များကို စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိလျှင်လည်း နောက်ဆုံးတွင် ဖုန်းကို စစ်ဆေးကာ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေး၍ ဖြစ်စေ၊ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ၍ ဖြစ်စေ၊ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ်လေ့ ရှိသည်။ 

ရွာထဲရှိ ဆိုင်များသို့ သွားရောက်၍ ဘင်္ဂလားဖုန်း ရှိသည်၊ ဘင်္ဂလား ဆင်းမ်ကဒ် ရောင်းချနေသည်၊ ဘင်္ဂလားဖုန်း ငွေဖြည့်ကဒ် ရောင်းသည်ဟု အမျိုးမျိုး စွပ်စွဲကာ နယ်ခြားစောင့်ရဲ သုံးလေးဦး ဆိုင်ထဲသို့ ၀င်ရောက်၍ တစ်ဦးက တစ်ဖက်တွင် ရှာဖွေသည့် ပုံစံဖြင့် ဘင်္ဂလား ဆင်းမ်ကဒ် (သို့) ငွေဖြည့်ကဒ်များ ဆိုင်ထဲတွင် ထားကာ နောက်ဆုံးတွင် ဘင်္ဂလား ဆင်းမ်ကဒ်၊ ငွေဖြည့်ကဒ် မိသည်ဟု လုပ်ကြံ၍ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဟင်းခင်းနှင့် တလင်းများသို့ သွားရောက်၍ အလုပ်လုပ်နေသော အလုပ်သမားများကို စစ်ဆေး၍ အမျိုးမျိုး စွပ်စွဲပြီး ဆဲဆိုခြင်းများ ပြုလုပ်ကာ အနှောက်အယှက် ပေးလျက် ရှိသည်။ နိုဝင်ဘာလ (၂၅) ရက်နေ့ ည (၇) နာရီ အချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ပန်းတောပြင် အနောက်ရွာသို့ သွားရောက်၍ လမ်းလျှောက် သွားနေသည့် ဦးနူရူလ်အာမီးန် (ဘ) ဦးအဒူလ်အာမီးန်ကို ခေါ်ယူ စစ်ဆေးကာ ၎င်း၏ MPT ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်း ပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ၍ ဖမ်းဆီးခဲ့သည်။ ဦးနူရူလ်အာမီးန်သည် ဆင်းရဲသား တစ်ဦး ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကျပ် ၆ သိန်းကို မပေးနိုင်၍ ယခုအချိန်ထိ ချုပ်နှောင် ခံထားရကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus