နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ တစ်ဦး မူးယစ်ဆေး သုံးစွဲပြီး လက်ထောက် စခန်းမှူးကို ပစ်သတ်ရန် ကြိုးစား



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုတပ်ကြပ် ခင်လှိုင်သည် နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် WY မူးယစ်ဆေးဝါး သုံးစွဲ မူးယစ်၍ စခန်းသို့ သွားရောက်ပြီး၊ တပ်ဖွဲ့ဝင်များကို ရန်ရှာရာ လက်ထောက် စခန်းမှူး ဒုရဲအုပ်က ဆဲဆို ဟန့်တား ဆုံးမခဲ့သဖြင့် ဒုတပ်ကြပ် ခင်လှိုင်က ဒေါသဖြင့် လက်ထောက် စခန်းမှူး ဒုရဲအုပ်ကို သေနတ်ဖြင့် ပစ်သတ်ရန် ကြိုးစားခဲ့သည်။ 

သို့သော်လည်း စခန်းရှိ တပ်ဖွဲ့ဝင် အားလုံးက ၀ိုင်းဝန်း တားဆီး ကာကွယ်ခဲ့သဖြင့် လက်ထောက် စခန်းမှူးမှာ အသက်ဘေး အန္တရာယ်မှ လွတ်မြောက် နိုင်ခဲ့သည်။ ထို့နောက် ဒုတပ်ကြပ် ခင်လှိုင်ကို ချုပ်နှောင်ပြီး၊ ကြိမ်ချောင်း ဆေးရုံသို့ ခေါ်ဆောင် သွားကာ သွေးနှင့်ဆီး စစ်ဆေးကာ ညနေ ၅း၃၀ နာရီ အချိန်တွင် စခန်းသို့ ပြန်လည် ခေါ်ဆောင်လာပြီး စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူးသည် စခန်းတွင် မရှိဘဲ ရန်ကုန်သို့ သင်တန်း တက်ရောက်၍ သွားနေသည်ဟု သိရသည်။ ဒုတပ်ကြပ် ခင်လှိုင်၊ ဇော်ဇော်အောင်၊ အောင်ကျော်မင်း တို့သည် ကြိမ်ချောင်း စခန်းမှူးကို ငွေရှာပေးသည့် ဓါးပြများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus