နောက်ဆုံးသတင်း/ဆောင်းပါးများ

မ.ဘ.သ ၉၆၉ ဘုန်းကြီးများ မောင်တော ခရိုင်သို့ သွားရောက်၍ ရခိုင်များနှင့် ဆွေးနွေး



MYARF
RB News
29.11.2015

မောင်တော ။ ။ မ.ဘ.သ ၉၆၉ ဘုန်းကြီးများသည် မောင်တော ခရိုင်သို့ နိုဝင်ဘာလ (၂၂) ရက်နေ့က ရောက်ရှိခဲ့ပြီး၊ ဒေသခံ ရခိုင်လူမျိုးများနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း သိရှိရသည်။ 

နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့မှ မ.ဘ.သ ၉၆၉ အဖွဲ့ဝင် ဘုန်းကြီး ၁၀ ပါးသည် မောင်တောခရိုင် ဘူးသီးတောင် မြို့သို့ ရောက်ရှိလာခဲ့ပြီး၊ ညနေပိုင်းတွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာသို့ သွားရောက်ခဲ့ပြီး၊ ညပိုင်းတွင် ညောင်ချောင်းနှင့် အနီးတစ်ဝိုက် ရခိုင်ရွာများမှ ရခိုင်များကို အိမ်တစ်အိမ်တွင် စုဝေးစေကာ အစည်းအဝေး ကျင်းပခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၂၃) ရက်နေ့ ညနေပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာခဲ့ပြီး၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ အရှေ့ဘက်ရှိ အလိုတော်ပြည့် ကျောင်းတိုက်၌ မောင်တော မြို့ပေါ်ရှိ ၉၆၉ အဖွဲ့ဝင် ရခိုင်များ၊ ဘုန်းကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းနေ့ ညပိုင်းတွင် (၃) မိုင်ရှိ ဘုန်းကြီးကျောင်း၌ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus