နောက်ဆုံးသတင်း/ဆောင်းပါးများ

နတ်ချောင်းရှိ နယ်ခြားစောင့်ရဲက ဆေးဆိုင် ပိုင်ရှင်များ ထံမှ ကြက်ဖများ အတင်းအဓမ္မ တောင်းယူ



MYARF
RB News
25.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း လက်အောက်ရှိ နတ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးသည် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် နတ်ချောင်း ကျေးရွာ အုပ်စု၊ ဒေ၀ါနာလီရွာတွင် တရားဝင် လိုင်စင်များဖြင့် ဆေးဆိုင် ရောင်းနေသော (၁) ဦးနော်ဂျီမူလ္လာ (ဘ) ဦးဖော်ကီရ်အာမတ်၊ (၂) ဦးဒိလ်မိုဟာမတ် (ဘ) ဦးဖော်ကီရ်အာမတ်၊ (၃) ဦးနူရ်မိုဟာမတ် (ဘ) ဦးဖော်ကီရ်အာမတ်နှင့် (၄) ဦးဟာဆောင်း (ဘ၀ ဦးမိုဟာမတ်အာလောမ် တို့ (၄) ဦးကို စခန်းသို့ ဆင့်ခေါ်ပြီး “ငါတို့ အပိုင်မှာ ငါတို့ စကားပဲ၊ လိုင်စင်ရှိရှိ၊ မရှိရှိ ငါတို့နဲ့ မဆိုင်ဘူး၊ ငါတို့ တောင်းတာ ပေးရင်ပေး၊ မပေးရင် ဆိုင်ပိတ်ထားလိုက်၊ မပေးယင် ဆိုင်ကို ၀င်သိမ်းမယ်” ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် ဆေးဆိုင်ရှင် တစ်ဦးလျှင် ကျပ်တစ်သောင်း ငါးထောင် နီးပါးတန် ကြက်ဖ တစ်ကောင်စီ ပေးရမည်ဟု ဆိုကာ ကြက်ဖ (၄) ကောင် အတင်း အဓမ္မ တောင်းယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus