နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများ ညှစ်သည့်ငွေ မပေးနိုင်၍ ဒေသခံ တစ်ဦး ချုပ်နှောင်ခံ ထားရ



MYARF
RB News
16.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ ဂုံးနားရွာ တံတား အနီးရှိ နယ်ခြားစောင့်ရဲများ၊ ၎င်းကျေးရွာ အုပ်စု၊ ကန်ဘဲ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ရွှေဇား ကျေးရွာအုပ်စု ဒိလ်ဖာရာရွာမှ နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ နိုဝင်ဘာလ (၉) ရက်နေ့ ည ၇း၄၅ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ (၈) ဦးသည် ရွှေဇား ကျေးရွာအုပ်စု၊ စေတီပြင်ရွာ တောင်ပိုင်းသို့ သွားရောက်ပြီး၊ လမ်းလျှောက်သွားနေသည့် ဦးနူရ်အာလောမ် (ဘ) ဦးအာမီးရ်ဟူစိန်းကို ခေါ်ယူစစ်ဆေးရာ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နောက်ဆုံး၌ WY မူးယစ်ဆေးဝါး သုံးစွဲခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

ထို့နောက် စေတီပြင်ဈေးမှ ဆိုင်ပိတ်၍ အိမ်ပြန်နေသော မော်လ၀ီ ဇူဘိုင်ရ် (ဘ) ဦးရှောမ်ရှုကို ဖမ်းဆီးပြီး ၎င်းလက်ထဲရှိ MPT ဆင်းမ်ကဒ်ပါ Huawei ဖုန်းကို ရဲများက လုယက်ရန် ကြိုးစားသဖြင့် မော်လ၀ီ ဇူဘိုင်ရ်က ၎င်း၏ ဖုန်းကို သိမ်းဆည်း သွားမည်ကို စိုးရိမ်၍ ရဲများကို ဖုန်းမပေးဘဲ အဝေးသို့ ဝေ့၍ ပစ်လိုက်သည်။ နယ်ခြားစောင့်ရဲ များက ပစ်လိုက်သော နေရာသို့ သွားရောက်၍ ဖုန်းကို ရှာယူပြီး၊ မော်လ၀ီ ဇူဘိုင်ရကို ၀ိုင်းဝန်း ထိုးကြိတ်၍ ဖမ်းဆီးထားသူ နှစ်ဦးစလုံးကို ဂုံးနားရွာ တံတား ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

မော်လ၀ီ ဇူဘိုင်ရ်၏ မိသားစုက ထိုသတင်းကို ကြားသိပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် စုံစမ်းရာ နယ်ခြားစောင့်ရဲ များက ငွေအဆမတန် တောင်းရာ နောက်ဆုံးတွင် ငွေကျပ် လေးသိန်း ပေးပြီး မော်လ၀ီ ဇူဘိုင်ရ်ကို ရွေးယူခဲ့ရသည်။ 

နယ်ခြားစောင့်ရဲ များက ဦးနူရ်အာလောမ် ထံမှ ငွေကျပ် ၃ သိန်း တောင်းခံလျက် ရှိပြီး၊ ဦးနူရ်အာလောမ်သည် နေ့စား အလုပ်သမား တစ်ဦး ဖြစ်သဖြင့် နယ်ခြားစောင့်ရဲများ တောင်းခံသည့် ငွေကျပ် ၃ သိန်းကို မပေးနိုင်၍ ယခုအချိန်ထိ ဂုံးနားရွာရှိ တံတား ကင်းစခန်းတွင် ချုပ်နှောင် ခံထားရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus