နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နန်းချောင်းမှ နယ်ခြားစောင့်ရဲ များနှင့် ရွာအုပ်ချုပ်ရေးတို့ ပူးပေါင်း၍ ဒေသခံများ ထံမှ ငွေညှစ်



Rohingya Eye
RB News
24.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ဂါးရားသီးဘိလ် (နန်းချောင်း ကျေးရွာ) အခြေစိုက် အမှတ် (၂၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ကင်းစခန်း တာဝန်ခံ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး (ခမီးလူမျိုး) ဦးဝင်းဗိုလ်၊ အီဒိရီစ် (ဘ) ဦးမာမတ်နာဇဲရ် တို့ပူးပေါင်း၍ ကျေးရွာသား များကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက် ငွေညှစ်လျက် ရှိသည်။

၎င်းတို့သည် အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဦးနူရ်အာလောမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၅ နှစ်) ထံမှ ဘင်္ဂလားဆင်းမ်ကဒ် သုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေကျပ် (၇) သိန်း ညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အောက်တိုဘာလ (၂၈) ရက်နေ့တွင် ဇူလ်ခေါ်ရ်နီးန် (ဘ) ဦးနူရူလ်အာမီးန် (အသက် ၂၃ နှစ်) သည် ကျေးရွာ အုပ်ချုပ်ရေးမှူးအား မထီမဲ့မြင် ပြုလုပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ငွေကျပ် (၂) သိန်း ညှစ်ယူခဲ့သည်။ 

ယင်းနေ့တွင်ပင် နူရူးဒီးန် (ဘ) ဦးအေဇာရ်ဟူစိန်း (အသက် ၂၃ နှစ်) အား အိမ်ပြုပြင် ခဲ့သည်ဟု အကြောင်းပြ၍ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။

Comment ရေးရန်

Rohingya Exodus