နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ ဇော်ဇော်အောင်နှင့် အဖွဲ့က ဒေသခံများ ထံမှ ငွေကျပ် သိန်း ၄၀ ညှစ်



MYARF
RB News
15.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၌ တာဝန် ထမ်းဆောင် နေသော နယ်ခြားစောင့်ရဲ ဇော်ဇော်အောင်နှင့် အဖွဲ့သည် နိုဝင်ဘာလ (၉) ရက်နေ့တွင် ကြိမ်ချောင်း အလယ်ရွာသို့ သွားရောက်ပြီး ဦးဘော်ရှော်ရ် (ဘ) ဦးဟာဆူမျာ အပါအ၀င် ရွာသား အချို့နှင့် ဦးမုစ်တောဖာ (ဘ) ဦးနူရ်ဆော်လာမ် အပါအ၀င် ရွာသား အချို့ကို WY မူးယစ်ဆေးဝါး ရောင်းဝယ် နေသည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၂၀ စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းနေ့တွင်ပင် လူအုပ်စု နှစ်စုထံမှ ငွေကျပ် သိန်း ၄၀ ညှစ်ယူခဲ့ခြင်း ဖြစ်သည်။ 

နယ်ခြားစောင့်ရဲ ဇော်ဇော်အောင်သည် ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ အမြဲတစေ ငွေညှစ်လေ့ ရှိသူ ဖြစ်သည်။ ငွေပေးရန် ငြင်းဆန်သူ များကို ဘင်္ဂလားဖုန်း မိသည်၊ WY ဆေးပြားမိသည်ဟု လုပ်ကြံ ဖမ်းဆီးပြီး ထောင်ကျအောင် ပြုလုပ်လေ့ ရှိသည်။ တရားရုံးကလည်း စီစစ်ခြင်း မရှိဘဲ၊ နယ်ခြားစောင့်ရဲများ မဟုတ်မမှန် လုပ်ကြံ ထားသည့် အမှုများ အားလုံးကို စီရင်လေ့ ရှိသည်။ ထိုကဲ့သို့ မတရားသဖြင့် ပြုလုပ်မှုများကြောင့် ဒေသခံ ရွာသားများက ကြောက်ရွံ၍ နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို ပေး၍ မတရားသဖြင့် ထောင်ချခံရမည့် အရေးမှ ရှောင်ကွင်းရလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus