နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ၍ ဒေသခံ တစ်ဦးထံမှ ငွေ ၈ သိန်းခွဲညှစ်



MYARF
RB News
12.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ် တင်ထွန်းဦး အပါအ၀င် နယ်ခြားစောင့်ရဲ (၅) ဦးက နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ယူနီဖောင်း မပါဘဲ အရပ်ဝတ်ဖြင့် ဒုအိုးသည်မ ကျေးရွာသို့ သွားရောက်ပြီး MPT ဆင်းမ်ကဒ်ပါ Nokia ဖုန်းတစ်လုံးဖြင့် စကားပြောနေသော ဦးဂျမာလ်ဟူစိန်းကို စကားပြောနေစဉ် ခေါ်ယူ စစ်ဆေး၍ ဖုန်းထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး ရိုက်နှက်ပြီး ငွေကျပ် ၈ သိန်း ၅ သောင်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးဂျမာလ်ဟူစိန်းက ငွေမပေးချင်သော်လည်း နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုဒဏ်ကို မခံနိုင်၍ နောက်ဆုံးတွင် နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို ပေးခဲ့ရသည်။ နယ်ခြားစောင့်ရဲ များက လူတစ်ဦးကို ဖမ်းဆီးပြီးလျှင် မေးမြန်းခြင်း မပြုဘဲ ဦးစွာ ရိုက်နှက်လေ့ ရှိသည်။ ဖမ်းဆီးခံရသူက ရိုက်နှက်မှုဒဏ်ကို မခံနိုင်လျှင် ဆက်လက်၍ ရိုက်နှက်မည်ကို ကြောက်ရွံ၍ နယ်ခြားစောင့်ရဲများ တောင်းသည့် ငွေကို ပေးရန် သဘောတူရလေ့ ရှိသည်။

Comment ရေးရန်

Rohingya Exodus