နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ကျားခေါင်းတောင်မှ နယ်ခြားစောင့်ရဲ များက ဒေသခံ နှစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်



Rohingya Eye
RB News
24.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာလ (၁၆) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကွမ်းယာဆိုင် တစ်ဆိုင်တွင် ထိုင်နေသော ဟာဖီးဇ် ဇီယာဘူရာမန် (အသက် ၃၀ နှစ်) နှင့် ဟာဖီးဇ် အဒူရာမန် (ဘ) ဦးဟူဆောင်း (အသက် ၃၇ နှစ်) တို့၏ ခန္ဓာကိုယ် အနှံ့ကို ရှာဖွေပြီး မည်သည့် ပစ္စည်း တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့သော်လည်း နောက်ဆုံး၌ ၎င်းတို့၏ အင်္ကျီအိတ်ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ်များ မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားရန် ပြင်ဆင်ပြီး ငွေညှစ်ရန် ငွေတောင်းခံခဲ့သည်။ 

အပြစ်မဲ့ နှစ်ဦးက ၎င်းတို့တွင် ဆင်းမ်ကဒ်မရှိကြောင်း ပြောဆို၍ အကြိမ်ကြိမ် ငြင်းဆိုသော်လည်း လက်မခံဘဲ စခန်းသို့ ခေါ်ဆောင် သွားရန် ကြိုးစားနေသဖြင့် နောက်ဆုံးတွင် ငွေကျပ် ၃ သိန်းနှင့် ၀ါး အလုံး ၁၀၀ ပေးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရွာသား တစ်ဦးက “MPT ဆင်းမ်ကဒ် သုံးရင်လည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးတယ်ဆိုပြီး နယ်ခြားစောင့် ရဲတွေက လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်နေတယ်။ ရဲတွေကလည်း ရွာတွေမှာ သူတို့ရဲ့ တပည့်တွေ ထားပြီး ဝေစုခွဲပေးတော့ မမှန်မကန် သတင်း ပေးတဲ့လူတွေ ရှိနေတယ်။ ပွင့်ဖြူချောင်းက ရော်ရှိတ်အာမတ် (အသက် ၄၄ နှစ်) နဲ့ ဖူရ်ခါန် (အသက် ၃၈ နှစ်) တို့ရဲ့ မမှန်မကန် သတင်းပေးမှု တွေလည်း ပါတယ်။ ဒီလူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူ ဟန့်တား ပေးဖို့ လိုတယ်” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus