နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွာသားများအား လုပ်သေနတ်ဖြင့် ခြိမ်းခြောက်ရန် ပြင်နေသူကို ရွာသားများက တိုင်ကြား၍ ဖမ်းဆီးခိုင်း



MYARF
RB News
25.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူရ ကျေးရွာမှ နူရို (ဘ) ဦးကာလာမျာသည် လွန်ခဲ့သည့် ၃ လကျော်လောက်က မိန်းကလေး တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး သွားခဲ့သည်။ ၎င်းသည် ယခုလ တတိယပတ်တွင် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်လာခဲ့သည်။ ၎င်းသည် ယခင်ကတည်းပင် အကျင့်ပျက် တစ်ဦး ဖြစ်သဖြင့် ရွာသားများ၏ မုန်းတီးခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအား မုန်းတီးသူများကို ရန်သူဟု သတ်မှတ်ကာ ၎င်းတို့နှင့် မကြာခဏ စကားများ ရန်ဖြစ်လေ့ ရှိသည်။ 

နူရိုသည် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည် ၀င်ရောက်လာချိန်တွင် ရန်သူများကို လက်စားချေရန် အတွက်ဟု ဆိုကာ လုပ်သေနတ် တစ်လက် ယူဆောင်လာခဲ့သည်။ 

ရွာသားများက နိုရို ထံတွင် လုပ်သေနတ် ပါလာသည်ကို သိရှိသွားပြီး ရွာသားများအား အနှောက်အယှက် ပေးမည်ကို စိုးရိမ်၍ ရွာသားများက အမှတ် (၅) နယ်မြေ၊ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သတင်းပို့ခဲ့သည်။ 

ထို့နောက် နိုဝင်ဘာလ (၂၄) ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ များက ဦးကာလာမျာ၏ နေအိမ်ကို ၀န်းရံ၍ နူရိုကို ဖမ်းဆီးခဲ့ပြီး၊ ယခုအခါ နူရိုနှင့် အတူ ဦးကာလာမျာ၏ မိသားစု တစ်လုံးကို နယ်မြေ (၅) စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ရွာသားများက ၎င်းတို့နှင့် မပတ်သက်သော်လည်း ၎င်းတို့အပေါ် ဂယက်ရိုက်မည်ကို စိုးရိမ်လျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus