နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက အမျိုးသမီး (၃) ဦးကို ရိုက်နှက်၍ ငွေညှစ်



MYARF
RB News
25.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာမှ ဦးမာဆောင်း (အပ်ချုပ်ဆရာ) ၏ သား ပူတူယား (ဆန်စက်လုပ်ငန်း) က နိုဝင်ဘာလ (၂၁) ရက်နေ့တွင် လောင်းဒုံ ကျေးရွာအုပ်စု၊ ဖောကီးတောင်ရွာ၌ ဆန်စက်ဖြင့် စပါးကြိတ် နေစဉ် ၎င်း၏ ဘေးပတ်ဝန်းကျင်မှ ဦးနူရ်မာမတ်၏ မိသားစုနှင့် စကားများ ခဲ့သည်။ ထို့နောက် ပူတူယားက ဖောကီးတောင်ရွာ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သော ဦးရှုနာယာ (ခ) ရွှေမောင် (မာရမာကြီး လူမျိုး) အား တိုင်တန်း ခဲ့သောကြောင့် ဦးရှုနာယာက ည ၇း၄၀ နာရီ အချိန်တွင် ဦးနူရ်မာမတ်၏ အိမ်သို့ သွားရောက်၍ ပြဿနာ ဖြေရှင်းပေးရန် အတွက်ဟု ဆိုကာ ဦးနူရ်မာမတ်၏ ဇနီး ဒေါ်ဟာလေမာခါတူ (ဘ) ဦးဆုလ်တာန် အာမတ်နှင့် သမီးများ ဖြစ်သော မဆေးနိုဝါရာ (အသက် ၂၅ နှစ်) နှင့် မဖေရိုဇာ (အသက် ၁၈ နှစ်) တို့ကို အိမ်ရှေ့ ကြမ်းပြင်သို့ ခေါ်ထုတ်ကာ မေးမြန်းခြင်း တစ်စုံတစ်ရာ မပြုလုပ်ဘဲ အမျိုးသမီး သုံးဦးလုံးကို ခြေထောက်ဖြင့် ကန်ကျောက်၊ လက်သီးဖြင့် ထိုးကြိတ်ခဲ့သည်။ 

ဦးရှုနာယာ၏ ကန်ကျောက် ထိုးကြိတ်မှုကြောင့် မဆေးနိုဝါရာမှာ ကြမ်းပြင်ပေါ်တွင် လဲကျသွားခဲ့သည်။ ပူတူယားကို မိသားစု တစ်စုလုံးက ဆဲဆိုခဲ့သည်ဟု စွပ်စွဲကာ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဆင်းရဲသား ပညာမဲ့ ဦးနူရ်မာမတ်က ၎င်း၏ ဇနီးနှင့် သမီးများ စောက်ကား ရိုက်နှက်ခံခဲ့ ရသည်ကို သက်ဆိုင်ရာသို့ တိုင်တန်းရန် စိတ်အားထက်သန် နေသော်လည်း ဆင်းရဲ၍ ငွေကြေး မတတ်နိုင်သည်နှင့် ပညာမဲ့ဖြစ်၍ ဘာသာစကား မပြောတတ်သည်ကို စဉ်းစား၍ မတိုင်ဝံ့ ဖြစ်နေသည်ဟု ဆိုသည်။ 

ဦးရှုနာယာက ပူတူယား ထံမှ ငွေကျပ် ၅ သောင်း ရယူပြီးနောက် ပြဿနာကို စီစစ်ခြင်း မရှိဘဲ အမျိုးသမီး များကို ရိုက်နှက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus