နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ရွှေဇား စစ်ဆေးရေး ဂိတ်တွင် အမျိုးသမီး တစ်ဦး၏ ရွှေဆွဲကြိုးကို ရဲများက ခိုးယူ



Rohingya Eye
RB News
24.11.2015

မောင်တော ။ ။ နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်း ကျေးရွာမှ မြို့ဦး ကျေးရွာသို့ ဘတ်စ်ကားဖြင့် သွားနေသည့် ဒေါ်ကော်နီးစ် ဖာတေမာ (ဘ) ဦးဂျမာလ် (အသက် ၃၉ နှစ်) သည် ရွှေဇား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်သို့ ရောက်သောအခါ ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုးကို အိတ်ထဲသို့ ထည့်၍ စစ်ဆေးခံခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ စစ်ဆေးခြင်းကို ခံယူပြီးနောက် စခန်းမှ ထွက်ခွာလာပြီးနောက် ၎င်း၏ ရွှေဆွဲကြိုး (တစ်ကျပ်ခွဲသားခန့်) မှာ ပျောက်ဆုံး နေသည်ကို သိရှိသဖြင့် နယ်ခြားစောင့်ရဲ များထံသို့ ပြန်သွား၍ ၎င်း၏ ဆွဲကြိုး ပျောက်ဆုံး သွားကြောင်း ပြောဆိုသော်လည်း နယ်ခြားစောင့်ရဲ များက ရွှေဆွဲကြိုး မတွေ့ရှိကြောင်း လိမ်ညာနေသဖြင့် နောက်ဆုံးတွင် ပြန်လာခဲ့ရသည်။ 

ရွှေဇား ကျေးရွာ တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးရာတွင် အင်္ကျီအိတ်ထဲရှိ ငွေများကို ခါးပိုက်နှိုက်များ သဖွယ် နှိုက်ယူခြင်း၊ အဖိုးတန် ပစ္စည်းများကို လုယက်ခြင်း၊ အမျိုးသမီး များကို ကာအိနြေ္ဒ ပျက်ပြားစေသည့် အထိ ပြောဆို၍ ဆက်ဆံခြင်းများကို နယ်ခြားစောင့်ရဲများ ကျူးလွန် နေသည်ကို အထက် အရာရှိများက သိရှိသော်လည်း အရေးယူ ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus