နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကယ်သမားကို ရဲက စက်ဘီးဖြင့် ၀င်တိုက်သော်လည်း အတိုက်ခံရသူ ငွေညှစ်ခံရ



Rohingya Eye
RB News
29.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့မ ကညင်တန်း ကျေးရွာအုပ်စု၊ မောင်နီရွာမှ မူလတန်း ဆရာ ဦးအေနာယာဒ်အူလ္လာ (အသက် ၃၄ နှစ်) သည် နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ခရိုင် ပြည်သူ့ဆေးရုံမှ လူနာတစ်ဦးကို ကြည့်ရှု၍ ဆိုင်ကယ်ဖြင့် ပြန်လာနေစဉ် စက်ဘီးစီးလာသည့် မြို့မရဲစခန်းမှ ရဲတစ်ဦးက ၀င်တိုက်မိခဲ့သည်။ 

လဲကျသွားသည့် ရဲကို ၎င်းက ကူညီရန် ကြိုးစားနေစဉ် ရဲစခန်းမှ ရဲအုပ်ဝင်းတိုး ရောက်ရှိလာပြီး ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ရဲစခန်းတွင် ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ နေ့လည် နှစ်နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

၎င်းသည် မောင်နီရွာရှိ မူလတန်းကျောင်းတွင် လုပ်အားပေး နေသည့် ဆရာ တစ်ဦးဖြစ်ပြီး၊ ရဲက ၀င်တိုက်မိသော်လည်း လက်နက် အင်အားဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ရဲများက ဒေသခံ ရိုဟင်ဂျာများကို ယခုကဲ့သို့ အနိုင်ကျင့်၍ ငွေညှစ်နေခြင်းကို အထက်အရာရှိ များက သိရှိသော်လည်း မည်သည့် အခါကမှ အရေးယူ ဟန့်တားခြင်း မပြုလုပ်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus